Chapter - 17

6.9K 673 12
                                    

Daddy 💜

Chapter - 17

Oမ်ရိပေါ် ရှောင်းကျန့် ဆွဲခေါ်ရာ လိုက်ခဲ့ပေမယ့် မျက်နှာကတော့ တော်တော်လေး ပူနေတယ် ။ ကူညီပြီး အခက်အခဲထဲက ဆွဲထုတ်တဲ့ သူ့ကိုမှ အားမနာ လူကြည့်ခံရအောင် လုပ်လိုက်လေခြင်း ။ အခုတော့ ရှောင်းကျန့် ကောင်းမှုကြောင့် သူဝတ်ထားတဲ့ တစ်ထပ်တည်း ရှပ်ဖြူလေးက ရေစိုလို့ ခန္ဓာကိုယ်မှာ ပြားပြားဝပ်လို့။ သူလည်း စိတ်တိုမိပေမယ့် ယောကျာ်းသား နှစ်ယောက်ဖြစ်နေတဲ့ သူတို့က တစ်ဖက်မိန်းကလေးနဲ့ ပြသနာ ဆက်မဖြစ်သင့်ဘူးမလား ။ ဒါကြောင့် ဒေါသထွက်နေတဲ့ ရှောင်းကျန့် ခေါ်ဆောင်လာတဲ့အတိုင်းတာ ငြိမ်ငြိမ်လေး လိုက်ခဲ့မိတဲ့ ဝမ်ရိပေါ် ။ ရှောင်းကျန့် ဝမ်ရိပေါ်ကို သူ့ကားထဲ ဝင်ခိုင်းလိုက်တယ် ။

"ရိပေါ် ဒီကို ဘာနဲ့လာတာလဲ "

" ကားနဲ့ "

" အင်း အဲ့ဒါဆိုလည်း ခဏနေမှ တစ်ယောက်ယောက်ကို ကားပြန်လာ ယူခိုင်းလိုက် ။ အခုတော့ ကိုယ်နဲ့ ပြန်လိုက်ခဲ့နော် "

ဝမ်ရိပေါ် ခေါင်းလေးသာ ငြိမ့်ပြလိုက်တယ် ။ မဟုတ်လည်း သူက ရှောင်းကျန့် ကားပေါ် ရောက်နေခဲ့ပြီမလား ။

" အေးနေလား ရိပေါ် "

ဝမ်ရိပေါ် ခေါင်းလေးခါပြတယ် ။ ဆောင်းတွင်းမှ မဟုတ်တာ ဘာလို့ အေးရမှာလည်း ။ ရုတ်တရက်ကြီး ရေခဲရည်ကြောင့်သာ တုန်တက်သွားမိတာ ။ အခုတော့ အေးဆေးပဲ ။

ဝမ်ရိပေါ် အပေါ်က ထပ်ဝတ်ထားတဲ့ ရှောင်းကျန့် အီကျိကို ပြန်ချွတ်ချလိုက်တော့ ရှောင်းကျန့်မှာ ငေးကနဲ....။

ရေစိုလို ကပ်နေတဲ့ ရင်ဘက်နေရာမှာ ထင်ရှားနေတဲ့ အမှတ်အသားနှစ်ခု ၊ ဗိုက်သားပြားပြားပေါ်က ရေးရေးလေးပေါ်နေတဲ့ အရာလေးတွေ ။

ရှောင်းကျန့် ကားမောင်းသူနေရာ ဝင်ထိုင်ပြီးမျက်နှာလေး လွဲလိုက်ရတယ် ။

အူဝဲဆိုကတည်းက သူ့လက်ပေါ်မှာ အီးပါ သေးပေါက် လုပ်လာတဲ့ ကလေးလေးရဲ့ ခန္ဓာကိုယ်လေးလည်း ပြောင်းလဲလာခဲ့ပြီလေ ။

ရှောင်းကျန့် နီးရာဆိုင်တစ်ခုဝင်ပြီး ဝမ်ရိပေါ် အတွက် ရှပ်တစ်ထည် အပြေးဝယ်လိုက်တယ် ။

DADDY 💜 ( Completed )Where stories live. Discover now