Chapter - 7

6.1K 786 27
                                    

Daddy 💜

Chapter - 7

ရှောင်းကျန့် ခြံထဲ ကားမောင်းဝင်လိုက်သည်နှင့် ခြံထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကြောင့် ပြုံးလိုက်မိတယ် ။ သူက ၁၅ နှစ်သားကတည်းက လူတွေအကြောင်း ကောင်းကောင်းသိလာခဲ့ရတဲ့ ကောင်ပါ။ ဒီလို ဖြစ်လာမယ်ဆိုတာ ကြိုတင်ပြီး တွေးထားပြီးသား..... ။

ပါပါးက ကားကို ခြံထဲ မောင်းဝင်ရင်း သူ့ဘက်လှည့်ပြုံးပြတာမလို့ ရိပေါ်လည်း ပါပါးကို ပြုံးပြမိလိုက်တယ် ။ ဦးကျန်းချန်နဲ့တွေ့ပြီး စားသောက်ကာ သူတို့ အိမ်ပြန်လာကြသည်လေ ။

ရှောင်းကျန့် ကားကို ရှေ့က ရပ်ထားတဲ့ ကားနောက်မှာ ရပ်လိုက်ပြီး ရိပေါ်ဘက် လှည့်ကြည့်လိုက်တယ် ။ သူ့ကိုကြည့်ပြီး ပြုံးပြနေတဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် အူယားစွာ ရိပေါ်ခေါင်းက ဆံပင်လေးတွေကို ဖွလိုက်မိတယ် ။ ဒီနိုင်ငံက စထွက်သွားတော့ ပါသွားတဲ့ ပျော့အိအိ ဆံပင်နက်နက်လေးတွေ နေရာမှာ အပြာရောင် ဆံပင်လေးတွေ အစားထိုးလို့ ။

ရှောင်းကျန့် ကားကို ရှေ့က ရပ်ထားတဲ့ ကားနောက်မှာ ရပ်လိုက်ပြီး ရိပေါ်ဘက် လှည့်ကြည့်လိုက်တယ် ။ သူ့ကိုကြည့်ပြီး ပြုံးပြနေတဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် အူယားစွာ ရိပေါ်ခေါင်းက ဆံပင်လေးတွေကို ဖွလိုက်မိတယ် ။ ဒီနိုင်ငံက စထွက်သွားတော့ ပါသွားတဲ့ ပျော့အိအိ ဆ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဖွားဖွား ဖိုးဖိုး သားပြန်လာပြီ.."

ဝမ်ရိပေါ် ကားပေါ်ကပြေဆင်းပြီး အိမ်ထဲဝင်လာတော့ အိမ်ထဲမှာ ရှိနေကြတဲ့ ဖွား ၊ ဖိုး အပြင် လူကြီးနှစ်ယောက် ။ ဝမ်ရိပေါ် ကိုရှိန်လေးရပ်ပြီး ပါပါးကို ရပ်စောင့်နေလိုက်တယ် ။ အိမ်မှာ ဧည့်သည်ရောက်နေတယ်မဟုတ်လား.... ။

" အော် ရောက်နေကြတယ်လား ။ ရိပေါ် လာလေ ကိုယ့်နား ဝင်ထိုင် "

နောက်မှ လိုက်ဝင်လာတဲ့ ရှောင်းကျန့်ဟာ လွတ်နေတဲ့နား ဝင်သွားထိုင်ပြီး ရိပေါ်ကိုပါ ခေါ်လိုက်တာကြောင့် ရိပေါ် ပါပါးဘေးနား သွားဝင်ထိုင်လိုက်တယ် ။

DADDY 💜 ( Completed )Where stories live. Discover now