Chapter - 23

7.7K 804 43
                                    

Daddy 💜

Chapter - 23

တစ်လောကလုံးကို အပိုင်စားရသလို ပျော်လိုက်မိတဲ့အပျော်တွေကို တစ်ကမ္ဘာလုံး အပိုင်ပေးမယ်ဆိုရင်တောင် သူလဲမပေးနိုင်ဘူး ။ ဒီနေ့မှ အရှိန်နဲ့ မောင်းနေတဲ့ ကလေးက အရမ်း နှေးနေသလို။ သူ့ဘေးနားက ကားခါပတ်ကို တင်းတင်းကိုင်ပြီး မျက်လုံး စုံမိတ်ထားတဲ့ ရှောင်းပါးကတော့ ဘုရားစာတွေရွတ်လို့ ။

ရိပေါ် ဆေးရုံကနေ အိမ်ပြန်လာပြီး ရေမိုးချိုးကာ ကုမ္ပဏီက ပါလာတဲ့ အလုပ်များကို စတင်လုပ်ကိုင်ရန် ပြင်လိုက်စဉ် ဘေးနားက ချထားတဲ့ မည်လာတဲ့ ဖုန်းလေးကြောင့် ကြည့်လိုက်မိတော့ ရှောင်းမားတဲ့ ။ ရိပေါ် ဝုန်းကနဲ ခုန်သွားတဲ့ ရင်ဘက်နဲ့အတူ ဖုန်းလေးကို အမြန်ကောက်ကိုင်လိုက်တော့ အသံတိုးတိုးနဲ့ ပြောလာတဲ့ ရှောင်းမား စကားသံက ရှောင်းကျန့် နိုးထလာခဲ့ပြီတဲ့ ။ ရိပေါ် ထိုစကားသံကြောင် ဘာမှ စဉ်းစားမနေတော့ပဲ ဝုန်ဒိုင်ကျဲပီး အိမ်ပေါ်က ဆင်းလာကာ ဧည့်ခန်းမှာ ထိုင်နေတဲ့ ရှောင်းပါးကို ကားပေါ် ဆွဲတင်ပြီး ဆေးရုံကို ကားမောင်းထွက်ခဲ့လိုက်တယ်လေ ။

ကျေးဇူးအများကြီး တင်ပါတယ် daddy ရယ် ကျွန်တော့အနားကို အမြန်ဆုံး ပြန်လာပေးခဲ့လို့ ။

ရိပေါ် ဆေးရုံဝန်းထဲ ခြေချမှ သူ့ကိုယ်သူ သတိထားမိလိုက်ပြန်တယ် ။ သူ ဖိနပ်မပါခဲ့ဘူး ။ ဒါဟာ သူ့အတွက် ဒုတိယအကြိမ် စည်းလွတ်ဝါးလွတ် ဖြစ်ပွားခဲ့မှု ။ ပထမ အကြိမ်က daddy ကား accident ဖြစ်သွားတဲ့ နေ့က ။ ထားပါ အဲ့ဒီနေ့က သူ့ကမ္ဘာကြီး ပျက်စီးသွားပြီလားဆိုတဲ့ အတွေးနဲ့ ရူးသွပ်မိပေမယ့် ဒီနေ့အတွက်ဟာဆိုရင် သူ့ရဲ့ မူပိုင် ကမ္ဘာကြီး ပြန်လည် အသက်ဝင်လာပြီဆိုတဲ့ အပျော်တွေကြောင့် ဖြစ်မှာပါ ။

" မား "

ရိပေါ် ဆေးရုံခန်းလေးထဲ ပြေဝင်သွားတော့ daddy အိပ်ရာဘေးမှာ ပြည့်နေတဲ့ ဆရာဝန်တွေနဲ့အတူ သူနာပြုများ ။

" သား ရိပေါ် သားပါပါး ပြန်သတိရလာပြီ "

ဝမ်းသာအားရ ပြောတဲ့ ရှောင်းမားစကားကို ခေါင်းလေးခါပြီး မျက်ရည်ကျတဲ့ ဝမ်ရိပေါ် ။

DADDY 💜 ( Completed )Where stories live. Discover now