Chapter - 25

7.8K 754 37
                                    

Daddy 💜

Chapter - 25

ဆေးရုံကဆင်းပြီး ၁ လခန့်ကြာသော.....

ရှောင်းကျန့်ဟာ ဆရာဝန်ပေးတဲ့ ဆေးတွေမှန်မှန်သောက် လေကျင့်ခန်းတွေ မှန်မှန်လုပ်နေတဲ့အပြင် တစ်အိမ်လုံးက လူတွေသာ မက သူငယ်ချင်းတွေနဲ့ အိမ်အကူတွေရဲ့ ကောင်းမှူကြောင့် ၁ လအတွင်းမှာ ထူထူ ထောင်ထောင်လေး ပြန်ဖြစ်လာခဲ့တယ် ။

" Daddy ဖြစ်ပါ့မလား "

ကုမ္ပဏီကိုလိုက်ဖို့ ပြင်နေတဲ့ ရှောင်းကျန့်နား ကပ်ကာ မေးနေတဲ့ ဝမ်ရိပေါ် ။ ရိပေါ်လေးဟာ အခု နောက်ပိုင်း သိပ်ပြီး ရှောင်းကျန့်ကို စိတ်ပူပန်မှုတွေ သိပ်များလာတက်တယ် ။

ဘယ်လောက်အထိ ပူပန်မှု များလာလည်းဆို ရှောင်းကျန့် မနက်မိုးလင်းလို့ မျက်လုံး နှစ်လုံး ဖွင့်ပြီ ဆိုကတည်းက ဘေးနားက တစ်တွတ်တွတ်ပြောပြီး ကပ်ပါလာတက်တဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် မျက်လုံး နှစ်လုံး မှိတ်ပြီး မအိပ်ပျော်သေးခင်အထိ ဘေးနားက ပွစိ ပွစိ ။

တစ်ခါတစ်လေ ရှောင်းကျန့် တွေးမိတယ်။ သူယူလိုက်တာ ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးမှ ဟုတ်ပါလေစွ ။

မသိရင်တော့ လင်ယောကျာ်းကို အရမ်း စိတ်ပူနေတဲ့ ဘေးနားက မိန်းမကြီး တစ်ယောက်လိုမလို့ ကိုယ်ပါ အဲ့လိုအတွေးလေးနဲ့ လိုက်ခံစားလာရလို့လေ ။

အခုလည်း ဒီနေ့ ကုမ္ပဏီကို လိုက်ပါမယ်လို့ သူပြောတော့ ရေချိုး အဝတ်အစားလဲတာအထိ ကူညီပေးပြီး အခု အဆင်သင့် ဖြစ်ပြီဆိုမှ ဖြစ်ပါ့မလားတဲ့ ။

ရှောင်းကျန့် သဘောကျစွာ ရယ်ပြီး သူ့ရှေ့မှာ ရပ်ကာ သူ့ကို မေးနေတဲ့ ရိပေါ်လေးကို ထွေးဖက်လိုက်တယ် ။

" စိတ်မပူပါနဲ့ရိပေါ်ရယ် ကိုယ်တစ်ကယ် နေကောင်းသွားပါပြီ "

ရှောင်းကျန့် စကားကြောင့် သက်ပျင်းလေးချ ခေါင်းလေးငြိမ့်တဲ့ ဝမ်ရိပေါ်ဟာ ရေချိုးခန်းထဲ ပြေးပြီး အမြန်ရေဝင်ချိုးတယ် ။

Daddy အဆင်သင့်ဖြစ်ပြီဆိုမှ သူ့အလှည့် ပြင်ဆင်ရတယ်လေ ။

ရိပေါ် ရေချိုးခန်းထဲက ခန္ဓာကိုယ်အောက်ပိုင်းကို သဘက် တစ်ထည်လေးသာ ပတ်ပြီး ပြန်ထွက်လာခဲ့လိုက်တော့ ကုတင်ပေါ် တက်ထိုင်ပြီး ဝမ်ရိပေါ်ကို ပြုံးပြနေတဲ့ ရှောင်းကျန့် မျက်နှာလေးကို ပြန်ပြုံးပြမိတယ် ။

DADDY 💜 ( Completed )Where stories live. Discover now