Chapter - 14

6K 720 9
                                    

Daddy 💜

Chapter - 14

မနက်ခင်းလက်ထပ်ပွဲမှာတွင်သာမက ၊ ညဘက်ညစာ စားပွဲမှာပါ စကားမပြောဖြစ်ကြတဲ့ သတို့သား နှစ်ယောက်ဟာ ညဘက် မင်္ဂလာအိပ်ခန်း ဝင်ချိန်မှာတော့ ပြောစရာ စကားတွေ ရှိလာခဲ့သည် ။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် အခန်းထဲမှာ ပြင်ဆင်ထားတဲ့ မင်္ဂလာကုတင်ကြီးပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ်ကြီး ထိုင်နေတယ်လေ။

အမျိုးသားနှစ်ယောက်ရဲ့ မင်္ဂလာညစာစားပွဲမလို့ သူလည်းသောက်စားပြီး အခုမှ အိမ်ပေါ် ရောက်လာခြင်းသာ ဖြစ်တယ် ။ လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ရှောင်းကျန့်ကတော့ ဧည့်သည်တွေ နှုတ်ဆက်နေတုန်းလေ...။

ရှောင်းကျန့်လည်း လုပ်ငန်းရှင်များကို နှုတ်ဆက်ပြီး အိမ်ပေါ် တက်လာခဲ့တော့ မင်္ဂလာအိပ်ခန်းရဲ့ ကုတင်ကြီးမှာ ကျောက်ရုပ်ကြီးလို ထိုင်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတယ် ။

" ရှောင်းကျန့် "

ရှောင်းကျန့် အခန်းထဲ ဝင်လာလာချင်း စတင်ခေါ်ဝေါ်လာတဲ့ ဝမ်ရိပေါ် ။ မျက်နှာကြီးကတော့ တင်းတင်းမာနေလို့ ။

" အင်း ရိပေါ် ကိုယ့်ကို ပြောစရာ စကားရှိလို့လား "

ရှောင်းကျန့် နားလည်တာပေါ့ ။ ဒီကောင်လေးကသူ့လက်ထဲမှာ ကြီးပြင်းလာတဲ့ဟာ ။ အခုလည်း အိမ်ပေါ် တက်လာတာ ကြာပြီကို အဝတ်အစားမလဲပဲ ငုတ်တုတ်ကြီး ထိုင်နေပုံက သူ့ကိုပဲ တမင် စောင့်ဆိုင်းနေသလို ။

" အင်း ဟုတ်တယ် ပြောစရာ ရှိလို့ စောင့်နေတာ "

ဝမ်ရိပေါ် စကားကြောင့် ခေါင်းလေးငြိမ့်ပြတဲ့ ရှောင်းကျန့်ဟာ ကုတင်ဘေးနားက ချထားတဲ့ ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်တယ် ။

" အင်း ပြောပါ ။ ကိုယ် နားထောင်ပေးပါမယ် "

ရှောင်းကျန့် စကားခင်းပေးလိုက်တာကြောင့် စကားစဖို့ ပြင်တဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် မျက်နှာကို သေချာ စိုက်ကြည့်လာတယ် ။

" ရှောင်းကျန့် "

" အင်း ကိုယ် နားထောင်နေပါတယ် "

" ခင်ဗျားကို ကျွန်တော် ယောကျာ်းတစ်ယောက်အဖြစ် လက်ခံပြီး ချစ်လို့ ဒီလက်ထပ်ပွဲကို လက်ခံခဲ့တယ်ဆိုတာ မဟုတ်ဘူးဆိုတာ သိတယ်မလား "

DADDY 💜 ( Completed )Where stories live. Discover now