Chapter - 12

6.1K 735 15
                                    

Daddy 💜

Chapter - 12

ရှောင်းကျန့် အလုပ်စာပွဲရှေ့က နာရီကို မော့ကြည့်မိတော့ ၈ နာရီ ထိုးလုနီးပါး  ။ ပုံမှန် ရုံးဆင်းချိန်က ၅ နာရီဆိုတော့ အိမ်ပြန်ချိန်တောင် တော်တော် နောက်ကျနေခဲ့ပြီး ။ ဒါပေမယ့် မနက်ဖန်မှာ ရှိနေတဲ့ အစည်းအဝေးပွဲအတွက် အရေးကြီးတဲ့ စရင်းတွေက မပြီးသေးတာကြောင့် တစ်ဆစ်ဆစ် ထိုးကိုက်နေတဲ့ ခေါင်းလေးကိုတောင် မငဲ့ညာမိပဲ အလုပ်ထဲမှာသာ အာရုံစိုက်နေမိတယ်လေ ။ ကွန်ပျူတာ ခလုပ်လေးတွေပေါ် ပြေးလွှားမိနေတဲ့ လက်လေးကလည်း တစ်ဆစ်ဆစ်ကိုက်လို့......။

ဝမ်ရိပေါ် အခန်းထဲက နာရီကို တစ်ချက်ကြည့်ပြီး အခန်းအပြင် ထွက်လာခဲ့မိတယ် ။ ဧည့်ခန်းထဲ အထိ။
ဧည့်ခန်းထဲ သူရောက်လာတော့ ဧည့်ခန်းမှာ TV ထိုင်ကြည့်နေတဲ့ ရှောင်းပါး နဲ့ ရှောင်းမား ။ ရိပေါ်ရဲ့ ဖိုး နဲ့ ဖွား ပေါ့ ။

"သား ရိပေါ် လာထိုင် "

ရှောင်းမားက ရိပေါ် ဝင်လာတာ မြင်တော့ လှမ်းခေါ်တော့ ရိပေါ်လည်း ခေါင်းလေးငြိမ့်ကာ ဝင်ထိုင်လိုက်ပေမယ့် မျက်လုံးတွေက ဂဏာမငြိမ် ။

အိပ်ခန်းထဲမှာလည်း မရှိဘူး ။ ဧည့်ခန်းထဲမှာလည်း မရှိဘူး ။ ပြန်မရောက်သေးတာလား ။ နေမကောင်းတာတောင် စောစောပြန်လာရမယ် မသိဘူးလား ။ လက်က နာနေတဲ့ဟာကို ။ ကုမ္ပဏီ မှာများ အဖျားတွေ တက်နေမလား ။

မနေ့က ရိပေါ် ရှောင်းကျန့် အခန်းထဲကပြန်ထွက်တော့ အခန်းအပြင်မှာ ရှောင်းမားနဲ့ တွေ့တယ်လေ ။ ရှောင်းမားက ပြောတယ် ။ သူတို့ အပြစ်တွေပါတဲ့ ။ ဒါကြောင့် ရှောင်းကျန့်ကို မမုန်းဖို့ ။ ရှောင်းကျန့်က သူ့ကို ဝမ်ပါးတို့ ပြန်ခေါ်သွားမှာ ။ ရိပေါ်က သူ့ကို အဖေအရင်း မဟုတ်မှန်းသိရင် သူ့နားက ထွက်သွားမှာ စိုးရိမ်စိတ်တွေ လွန်ကဲပြီး အမှားတွေ လုပ်မိခဲ့ပါကြောင်း ။ ဒါပေမယ့် ရှောင်းကျန့်က သူ့ကို တစ်ကယ် ချစ်နေကြောင်း ။ သား တစ်ယောက်လို မဟုတ်ပဲ သံယောဇဉ်တွေ ပိုနေကြောင်း ။ ရိပေါ်ကို နိုင်ငံခြား လွတ်ပြီးတော့ ပြိုလဲနေမိတဲ့ ရှောင်းကျန့် ဟာ သူ ရိပေါ်ကို မှားယွင်းစွာချစ်နေမိတယ် သိတဲ့နောက်ပိုင်း အရမ်း ခံစားနေရကြောင်း ။ ရိပေါ် သူ့ကို မုန်းသွားမှာလည်း အရမ်းကြောက်ခဲ့ပေမယ့် ရှောင်းကျန့် ဘဝရဲ့ အသက်ရှင်ခြင်း သေခြင်းဟာ ရိပေါ်အပေါ်မှာပဲ မူတည်နေလို့ ထားမသွား စေလိုကြောင်း။  ရှောင်းကျန့်က သူ့ကို  မတရားသိမ်းပိုက်ထားပေမယ့် ရိပေါ် ကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မည် မဟုတ်ကြောင်း။ ဒါကြောင့် ရှောင်းကျန့်ကို နားလည်ပေးစေလိုကြောင်း ပြောပြထားခဲ့သည်လေ။

DADDY 💜 ( Completed )Where stories live. Discover now