Chapter - 18

7.8K 780 18
                                    

Daddy 💜

Chapter - 18

မနက်အလင်းရောင် ပြပြကြောင့် နိုးလာရတဲ့ ရှောင်းကျန့်ဟာ မျက်လုံးလေးဖွင့်ကြည့်မိတော့ သူ့အိပ်ခန်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ် ။ သူ မနေ့ညက အိကျီကို အရက်လောင်ပြီး အရက်နံ့ တစ်ဟောင်းဟောင်းနဲ့ ရိပေါ်အခန်းထဲဝင်ကာ မူးနေသလိုနဲ့ ရိပေါ်ကို သူ့အပိုင် လုပ်ပြစ်လိုက်တယ်လေ ။ ဒါကြောင့်ညက ပင်ပန်းပြီး အိပ်ပျော်သွားတဲ့သူဟာ မအိပ်ပျော်သေးခင်တော့ ရိပေါ်ကို ရင်ခွင်ထဲ ဆွဲထည့်ထားမိတာ မှတ်မိလိုက်သေးတယ် ။ အခု သူနိးလာတော့ ရိပေါ်အခန်းထဲက တစ်ယောက်အိပ် ကုတင်လေးမှာ သူတစ်ယောက်တည်း ။

ရှောင်းကျန့် အိပ်ရာမှ အသာထလိုက်တော့ နာသွားတဲ့ ခါးလေး ။ သူတောင် ခံရခက်တယ်ဆိုရင် ညက ဒီကောင်လေးက ဘယ်လောက်အထိအောင် နာနေလိုက်မလဲ ။

ဒါပေမယ့် ညကတော့ ရှောင်းကျန့် ရိပေါ်ကို ချီးကျူးမိတယ် ။ သူ ကြမ်းသလောက် မျက်နှာမပျက်တဲ့ ရိပေါ်ဟာ သူလုပ်သလောက်ကို အေးဆေးစွာ နေသွားပေးတယ်လေ ။ အခုကောဒီကောင်လေး နာနေမလား ၊ ဖျားနေမလား။

သူသိသလောက် လေ့လာရသလောက်ဟာ ဒီလို လုပ်ပြီးသွားရင် မနက်ဆို ခံရတဲ့ သူက ထတောင် မထနိုင်ဘူးတဲ့ ။ ဒါပေမယ့် အဲ့ဒါက ပြောင်းပြန် ။ အခုတော့ ရိပေါ်က အရင်ထသွားပြီး သူတစ်ယောက်တည်းသာ အိပ်ရာပေါ်မှာ အခန့်သား။

ရှောင်းကျန့် နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်ကလေး ရွေ့သွားအောင်အထိ အသံထွက်က ရယ်လိုက်မိတယ် ။

ကိုယ့်ရဲ့ကောင်လေးဖြစ်တဲ့ မင်းက ကိုယ်ထင်ထားတာထက်ကို ပိုသန်မာနေတာပဲ...... ။

ရှောင်းကျန့် သူ့ အခန်းထဲ ပြန်မနေတော့ပဲ ရိပေါ်အခန်းထဲမှာပင် ရေမိုးချိုးရန် ပြင်လိုက်တယ် ။ ရေချိုးခန်းထဲရောက်တော့ မြင်လိုက်ရတဲ့ ရေချိုးခန်းသုံး ပစ္စည်းများကြောင့် ပြုံးလိုက်မိတဲ့ ရှောင်းကျန့် ။

ဒီကောင်လေးက အကြိုက် မပြောင်းလဲသေးဘူးပဲ ။
ငယ်ငယ်ကတည်းက သူနဲ့ အတူ လိုက်သုံးတက်တဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေက ဒီကောင်လေးရဲ့ ရေချိုးခန်းထဲမှာ အပြည့်ပဲလေ ။

DADDY 💜 ( Completed )Where stories live. Discover now