Chapter - 9

5.9K 734 12
                                    

Daddy 💜

Chapter - 9

ပါပါး ....။
ရိပေါ်ရဲ့ ၁၈ နှစ်တာကာလအတွင်း ချစ်ခင်မှုအပြည့်နဲ့ ခေါ်ခဲ့ရတဲ့ နာမည်လေး ။ ခုချိန်မှာတော့ ရှောင်းကျန့် ကို ဒီလို ခေါ်လိုက်ဖို့ သူမရဲတော့ဘူး ။ ဘာလို့လဲဆိုတော့ ပါပါး ဆိုတဲ့ နာမ်စားလေးက အရမ်းကို ဖြူစင်ခဲ့တယ်လေ ။ အခု ရှောင်းကျန့်နဲ့ သူရဲ့ ပတ်သက်မှုက ဖြူစင်မှုမှ မရှိတော့တာ ။ ဘာတဲ့ daddy လို့ခေါ်ပါတဲ့ ။ အဟား ရှောင်းကျန့် ကိုယ်တိုင်ကလည်း ရိပေါ်နှုတ်က ထွက်လာမယ့် ပါပါးဆိုတဲ့ နာမ်စားလေးကို မကြားရဲတော့ပါလား ။ ဘယ်ကြားရဲတော့မှာလဲ အမှားလုပ်ထားတဲ့ သူကို ။ ဝမ်ရိပေါ် ပြုံးလိုက်သည် ။ မဲ့ပြုံးကြီး ။ ၁၈ နှစ်ကာလမှ အဖြူစင်ဆုံးချစ်ခဲ့မိတာ နောင်တရလို့ အခုချိန်ကစ အဆိုးဆုံးတွေ လုပ်ပြပေးမယ် ။ သည်းခံနိုင်ရင် သည်းခံစမ်း ရှောင်းကျန့် ။

...........................

" ဒါက ဘယ်လဲ "

" ဘယ်သွားသွားပေါ့ ။ အချိန်တန်လို့ ပြန်ရောက်လာရင် ပြီးရော "

" အေး မင်းဟာမင်း ဘယ်သွားသွားပာ ဒါပေမယ့် ကိုယ့်ခွင့်ပြုချက် ရမှ သွားရမယ် ။ ဘာလို့ အဲ့လို ပြောရတာလဲဆိုတော့ မင်းမမေ့ဘူးဆိုရင် မင်းက ကိုယ့်ရဲ့ အပိုင်မလို့လေ "

ဝမ်ရိပေါ် လက်သီးကို တင်းကျပ်စွာ ဆုတ်ကိုင်ပြီး ရှောင်းကျန့်ရှေ့ ဝင်ထိုင်လိုက်သည် ။

ခုချိန်မှာ ရိပေါ်အတွက် ရှောင်းကျန့်ဟာ ငရဲသားပဲ ။ ရှောင်းကျန့်ကို တွေ့ရင် လူက ပူလောင်လာလွန်းလို့ ရှောင်းကျန့် ကုမ္ပဏီ မသွားတဲ့ ရက်တွေဆို အပြင်ထွက်ဖို့ သူပြင်တယ် ။ ဒါကို တွေ့သွားတဲ့ ရှောင်းကျန့်က ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး သူ့ကို စစ်လား ဆေးလား မေးလား မြန်းလာနဲ့ ။

" အရက်သွားသောက်မလို့ "

ရိပေါ်နှုတ်ဖျားက ထွက်ပေါ်လာတဲ့ ဒေါသသံရောနေတဲ့ အသံလေးကြောင့် ရှောင်းကျန့် မသိမသာ လျစ်ကနဲ ပြုံးလိုက်မိသည် ။

အဆိုးလေးက ကိုယ့်ကို ရွဲ့နေယုံမက သူ့ကိုယ်သူ ဖျက်စီးဖို့ပါ လုပ်နေတာကို ။

DADDY 💜 ( Completed )Where stories live. Discover now