"ရိပေါ် ဒီနေ့ကောလိုက်မှာမလား "
"ဘယ်ကိုလဲ"
"ေ-ာကို ဘယ်ကိုလဲ သိရဲ့သားနဲ့ ချီးလိုဘဲ"
"မင်းကလည်းအထူးဆန်းလုပ်ပြီးလာမေးမနေနဲ့လေ"
ဟောက်ရွှမ်းတစ်ယောက် ဆက်မပြောတော့ဘဲ ခေါင်းတခါခါဖြင့်သာ ...
ထပ်ပြောလဲပါးစပ်ညောင်းတာဘဲအဖတ်တင်မှာ မေးမိတဲ့ပါးစပ် ချိီးဘဲ!
"ဆရာမ လာပြီ!!"
အတန်းခေါင်းဆောင်ကျိုးချန်ရဲ့သတိပေးတဲ့စကားအဆုံးမှာ ငြိမ်သက်သွားသည့်စာသင်ခန်းလေး
"ဒီနေ့မင်းတို့ရဲ့ အမှတ်စာရွက်တွေရပြီ"
ဆရာမရဲ့ပြောစကားအဆုံးမှာတော့ အာမေဋိတ်သံလေးတွေပလုံစီကုန်လေသည်။
အမှတ်စာရင်းဆိုတာ မျိုးက ရိေပါ်တို့နဲ့မပတ်သတ်သည့်အလားအေးရာအေးကြောင်းပင် ဘောင်းဘီအိတ်ကပ်ထဲမှ ချိုချဥ္လေးတစ်လုံးကိုတောင် ဖောက်စားနေလေသည်။
"ကျိုးချန် အမှတ်စာရွက်တွေေ၀ပေးလိုက်"
"ဟုတ်"
လက်ထဲသို့ရောက်လာသည့်အမှတ်စာရွက်ကို အထူးတလည်ကြည့်မနေတော့ဘဲလွယ်အိတ်ထဲသို့ပင်ခေါက်ထည့်လိုက် သည်။
" ရိပေါ်မကြည့်ဘူးလား အမှတ်"
"အင်း"
"ကဲ ကဲ အမှတ်တွေကြည့်ပြီးရင်လိုအပ်တာကို ပိုပြီးဂရုစိုက်လုပ်ကြ ဒီနေ့ဒီလာက်ဘဲ "
"ဟုတ်!!!"
ဆရာမထွက်သွားပြီးရိပေါ်တို့နစ်ယောက်နားရောက်လာသည့် ကျိရန်
"ဟောက်ရွှမ်း အခြေနေ"
"ကျတယ် "
"ကျပြန်ပြီလားကွာ "
"ငါလည်းကျချင်မလားကွ စာတွေကခက်တာကို"
"စာမလုပ်ရင်မလုပ်ဘူးပြော sportပေးထားတွေကျက်ဖြေရင်ကို အောင်တယ် ရိပေါ်ကော"
ဟောက်ရွှမ်းကိုပြောပြီးနောက်ရိပေါ်ဘက်လှည့်လာသည့်ကျိရန်
"မကြည့်တော့ပါဘူး ဟောက်ရွှမ်းကျတယ်မလား"
"အေးလေ ဟောက်ရွှမ်းကျတာနဲ့ မင်းနဲ့ဘာဆိုင်လို့လဲ "
ESTÁS LEYENDO
Candy love ( Completed )
Fanficအချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo