F4 Thai version (ep 4)

1.2K 126 3
                                    

Unicode♥

👇👇👇

Newတစ်ယောက် singto ကိုစနောက်ပြီး Film mjရှေ့ကိုပြေးသွားလိုက်တယ် ထို့အတူ ကျောင်းအရှေ့မှာလည်း သူ့ကိုစောင့်နေတဲ့ကောင်လေးတစ်ယောက်ရှိသတဲ့

"Gun!!!"Newကတော့ ကောင်လေးနာမည်ကို အော်ခေါ်ရင်း သူ့စီပြေးသွားလိုက်တယ် ပြီးတော့မှ
ဆက်ပြောလိုက်တယ်

"Gun ဒီနေ့ကျောင်းတက်ရတာ ဘယ်လိုလဲ"

"အဆင်ပြေပါတယ်"

"ငါ singto နဲ့ ခင်သွားပြီ"

"singto ဆိုတာ F4 အဖွဲ့ကမလား"

"Inn ဟုတ်တယ်လေ"

"မိုက်လှချည်လား ဟိုအမပြောတော့ သူက ခင်ဖို့မလွယ်ဘူး ပြီးတော့အခန်းထဲမှာ တစ်ယောက်ပဲနေတာဆို"

"သိဘူးလေ ဆရာမက ကြိုက်တဲ့နေရာထိုင်ဆိုတော့ ငါလည်း singto တစ်ယောက်ပဲသိတော့ကာ သူအနားမှာပဲထိုင်လိုက်တာ အဲ့လိုနဲ့ စကားပြောရင်း
ခင်သွားတယ်"

"New နင်ဘယ် club ၀ငျမှာလဲ"

"ရေကူး club  Gunမင်းရော"

"ဓါတ်ပုံ club"

အဲ့လိုနဲ့ ကျွန်တော်တို့အိမ်ကို ပြန်လာခဲ့ကြတယ်
ကျွန်တော်တို့နှစ်ယောက် ဘာလို့ လ၀က်မှကျောင်းပြောင်းရလဲဆိုတော့

Flash Back

တရုတ်နိုင်ငံရှိ အိမ်လေးတစ်အိမ်တွင်ဖြစ်သည်

"Mae ကျွန်တော် အမေဘွဲ့ရခဲ့တဲ့ uni မှာပဲ ဘွဲ့ရချင်တယ်"

"ဘန်ကောက်မှာလား သား"

ဟုတ်ပါတယ် ကျွန်တော်က တရုတ်ကပြားပါ အဖေက တရုတ် အမေကထိုင်းပေါ့

"ဟုတ်တယ် Mae နော် နော် Mae"

"ဟယ် ဒီကလေး ချစ်ဖို့ကောင်းအောင်လုက်နေပြန်ပြီ သားတက်ချင်ရင် Mae စီစဥ်ပေးပ့မယ်"

"တကယ်လား Mae"

"တကယ်ပေါ့ သားရဲ့ ဒါနဲ့ Gunလေးကရော"

Gun လည်း ကျွန်တော်နဲ့အတူ တရုတ်မှာပေါ့ သူက
တရုတ်ကပြားတော့ မဟုတ်ဘူး အဲ့ဒါကဒီလို ရှိတယ်
ဟိုးအရင်တုန်းက အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် သူတို့တွေအိမ်ထောင်ရက်သားကျတော့ သုံးယောက်လုံးမှာ သားတစ်ယောက်စီ ရှိလာကြတယ် ကျွန်တော်ရယ် Gunရယ် နောက်တစ်ယောက်က ကျွန်တော်တို့ထက်
အသက်နည်းနည်းကြီးမယ်ထင်တယ် ကျွန်တော်တော့ သူကို မမြင်ဖူးဘူး တစ်ရက်မှာ Gun Paw နဲ့
Mae  accident ဖြစ်ပြီးဆုံးသွားကြတယ် ကျွန်တော့်နဲ့ သူနဲ့က ငယ်ငယ်ထဲကသူငယ်ချင်းတွေဖြစ်နေတဲ့အတွက် ကျွန်တော့အမေက သူ့ကိုပါ ဘန်ကောက်ကနေ တရုတ်ကိုခေါ်လာခဲ့လိုက်တယ် Gun Pow နဲ့ Mae က Gun အတွက် အမွေတွေထားခဲ့တာသိတော့ ကျွန်တော့်အမေက အဲ့အမွေတွေကို ဘဏ်မှာသေချာသိမ်းပေးထားတယ် ပြီးတော့လည်း Gunကို သူ့သားတစ်ယောက်လို ချစ်ရှာတယ် အိပ်ဖို့ စားဖို့ နေဖို့ အကုန်တာ၀န်ယူပေးတယ် ကျွန်တော်လည်း Gunရှိတော့ အဖော်ရတာပေါ့

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now