F4 Thai version (ep 28)

504 59 0
                                    

Unicode♥

👇👇👇

Krist ရဲ့ သတင်းစာရှင်းလင်းပွဲ ပြီးပြီးကတည်းက သူ့ကို ဝေဖန်ခဲ့တဲ့လူတွေအားလုံး သူ့ကိုပြန်ပြီး
တောင်းပန်ကြတယ် သူ့ကို အားလုံးအရင်ကထက် ပို
ပြီးချစ်လာကြတယ် ဘာလိုလိုနဲ့ ဒီနေ့ Moon ရွေးပွဲတောင်ရောက်လာပြီပဲ ပြီးတော့ film mj ရဲ့ဆုပေးပွဲဆိုလည်း မမှားဘူး အော် ဘယ်သူတွေရသွားလဲ ခင်များတို့သိချင်ကြ
တယ်မလား။

"အားလုံးပဲ မဂ်လာပါ အခု အစီစဥ်လေးစပါပြီ"
Mj တိုင်းက ရွေးချယ်ခံရတဲ့ကျောင်းသား
တွေက သူတို့ကိုယ်ပိုင် အရည်အချင်းတွေကို ကိုယ်စီထုတ် ပြကြတယ် သီချင်းဆိုတာတို့ ဘာတို့ပေါ့ အခုဆို ဘယ်သူအနိုင်ရသွားလဲ ကြေညာတဲ့အချိန်တောင် ရောက်လာပြီ

"Wow..ထင်ထားတဲ့အတိုင်းပါပဲလား Moon ကဘယ်သူလဲဆိုတော့.."အစီစဥ်တင်ဆက်တဲ့ စီနီယာ အမကအသံကိုစွဲ ပြောလိုက်ပြီးမှ နာမည်ကိုအကျယ်ကြီးအော်ကာပြောလိုက်တယ်

"စီးပွားရေး mj ပထမနှစ်က brightပဲဖြစ်ပါတယ်
မိန်းကလေး moon ကတော့ flim mj ပထမနှစ်က
Ploy ဖြစ်ပါတယ်"လက်ခုပ်သံတွေနဲ့ အားလုံးက ဂုဏ်ပြုပေးကြတယ် သူတို့အားလုံးထင်ထားတဲ့လူတွေပဲ ရကြတာကို

"အခု ကြေညာပေးမှာက film mj gp projectအတွက် အနိုင်ရရှိသူတွေပါ သူတို့က ဇာတ်လမ်း ဇာတ်အိမ်က အရမ်းကောင်းပြီး သရုပ်ဆောင်လည်း
တော်ကြတယ် ကိုယ်ဆိုဘယ်နှစ်ခေါက်လောက်
တောင် ကြည့်မိလိုက်မှန်းမသိ ကိုယ့်ခံစားချက်တွေ
နဲ့ ထပ်တူကျလွန်းလို့ သူတို့အဖွဲ့ကတော့ အဖွဲ့ 3 ဖြစ်ပါတယ် ဂုဏ်ယူပါတယ် အဖွဲ့ 3 ရေ.."

စီနီယာအမရဲ့ စကားဆုံးသံကြားတော့ အားလုံးသူတို့ အဖွဲ့နံပါတ်တွေ ပြန်ကြည့်နေကြ
တယ် အဲ့အဖွဲ့ 3 ဆိုတာကဖယ်ကြဥ်ခံရသော
ကျောင်းသားတစ်ယောက်
ရဲ့ ခံစားချက်ကို သေချာရိုက်ပြထားတဲ့ Gun တို့အဖွဲ့ဖြစ်တယ် လာကြည့်ကြတဲ့ New တို့က Gunတို့အဖွဲ့အနိုင်ရမှန်းသိတော့ လက်ခုပ်သံတွေ ကျယ်လောင်
စွာတီးရင်း ဂုဏ်ပြုပေးတယ်

ရလဒ်ကြေညာတဲ့ စီနီယာက ရလဒ်စာရင်းကို ကြည့်လိုက်ရင်း ပြုံးလိုက်ကာ ပြောလိုက်တယ်

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now