F4 Thai version (ep 21)

542 60 0
                                    

Unicode♥

👇👇👇

"P'New ကျွန်တော်ထိပ်တိုက်ရင်ဆိုင်သင့်တယ် ထင်
တယ်" အချိန်အတော်ကြာစဥ်းစားနေပြီးမှ သေချာစွာ ဆုံးဖြတ်ချက်ချလိုက်တယ်

"Krist မင်းသေချာလို့လား"New လည်း Krist ကို
စိုးရိပ်တကြီးနဲ့ မေးလိုက်တယ်

"သေချာတယ် P' ကျွန်တော်မလုပ်ထားတဲ့ ကိစ္စတစ်
ခုကို မြန်မြန် ဖြေရှင်းပစ်ချင်ပြီ"

"ငါဟိုကောင်တွေကို သွားနှိုးလိုက်ဦးမယ် ခုတော့ ခေါင်းအေးသွားအောင် စတော်ဘယ်ရီဖျော်ရည်လေး ဖျော်ထားတယ် သောက်လိုက်ဦး ရေခဲသေတ္တာ
ထဲမှာ ရှိတယ်နော်"New လည်းအိပ်ခန်းထဲကို
တက်သွားမည်အလုပ် ပြန်လှည့်လာကာ

"Kristမင်း ဘယ်နေ့လောက်လုပ်ဖို့ စိတ်ကူးထားလဲ"

"ဒီနေ့"

"အွန်း အမြန်ဆုံးလုပ်တော့ ကောင်းတာပေါ့"

မနေ့ညက Krist လုပ်သင့်၊ မလုပ်သင့် သေချာအောင်စဥ်းစားနေရင်း ကောင်းကောင်း အိပ်မပျော်ခဲ့ မနက်ရောက်တော့ Krist နိုးလာတဲ့အချိန် New က
လွဲပြီး ကျန်တဲ့သူတွေက ခုထိမထသေး။

------------------------------------------------------

Ring Ring

"Hello.."လူနာတင်ကုတင်မှာ အေးဆေးစွာအိပ်နေ
ရင်း ဖုန်းသံလာ၍ ကိုင်လိုက်သော်လည်း အသံမှာ အိပ်ချင်မူးတူး ဖြစ်နေတုန်း

"Hello N'Third..P'singto ပါ"

"Aww P'singto!"

ထိုမှ မျက်လုံးအနည်းငယ်ပြူး ကျယ်ကာ လဲလျောင်းနေသည့်အနေအထားမှ ထိုင်လျက်သားဖြစ်သွားတယ်

"P'singtoကို..ဘယ်လိုလဲ P' အဆင်ပြေသွားလား"

"ပြေတာပေါ့ မင်းဘယ်လောက်တောင်သရုပ်ဆောင်ကောင်းသွားလဲမှမသိတာ အားလုံးရဲ့အာရုံက မင်းစီ
မှာပဲလေ"

"ဒါနဲ့ ဘယ်လိုလုပ်မလဲ P' ကျွန်တော်က အကောင်းကြီးကို သရုပ်ဆောင်လိုက်တာမှန်း ဆရာ၀န်တွေရိပ်မိမှာပေါ့"

"အဲ့ဒါလား စိတ်မပူနဲ့ Nong ကိုပို့လိုက်တဲ့ ဆေးရုံက P' ရဲ့ မိသားစုဆရာ၀န်ရဲ့ ဆေးရုံလေ P' ဖုန်းဆက်ပြီး ကြိုပြောထားပြီးသား သူသတင်းထောက်တွေမေးရင်
အလိုက်သင့်လေး ပြောလိုက်မှာ"

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now