F4 Thai version (ep 27)

522 61 0
                                    

Unicode♥

👇👇👇

Singto တစ်ယောက် အင်ဂျင်နီယာ mj ရှေ့မှာရပ် စောင့်နေတဲ့ krist ကိုမြင်မှ အတွေးတွေရပ်တန့်သွားတော့တယ်

"Kit စောင့်နေတာကြာပြီလား"

"မကြာသေးပါဘူး P'sing"

"အဲ့ဆိုသွားကြတာပေါ့"

Singto krist ကိုအိမ်ပြန်ပို့ပေးတဲ့ လမ်းတစ်
လျှောက်လုံး krist ကို Kim အကြောင်းပြောဖို့ ဟန်ပြင်နေပေမဲ့ krist နေတဲ့ကွန်ဒိုသာရောက်သွားတယ် မပြော ဖြစ်လိုက်

"ကျေးဇူးပါ P' " krist ပြောပြီးကားပေါ်က ဆင်းဖို့လုပ်နေတုန်း singto krist လက်ကိုဆွဲလိုက်ကာ တားလိုက်တယ်

"Kit ကိုယ်ပြောစရာရှိတယ် တစ်နေရာသွားရ
အောင်"

Krist လည်း singtoပြောတဲ့အတိုင်း ကားထဲမှာ ပြန်ဝင်ထိုင်လိုက်ပြီး singto ခေါ်ရာသာ လိုက်သွားလိုက်တယ်

------------------------------------------------------

"Kit.." krist ကို singto New တို့ coffee ဆိုင်ပဲ ခေါ်သွားလိုက်ပြီး ဆိုင်ထဲမှာလူသိပ်မရှိတော့ New
ရော win ပါသူတို့နားလာထိုင်ပြီး singto နဲ့ krist ပြောမဲ့ဟာကို နားထောင်နေတယ်

"ပြောလေ P'sing"

"Kit ရဲ့ သူငယ်ချင်း kit အပေါ်သစ္စာဖောက်ရင် ဘယ်လိုလုပ်မလဲ"

"သူ ဘာအတွက်ကြောင့် သစ္စာဖောက်ရတာလည်း
ဆိုတာ ကြည့်ဆုံးဖြတ်ရမှာပေါ့"

"သူက Jon စီ kit ရဲ့သီချင်းစာရွက်တွေ ပေးလိုက်တာ ဆိုရင်ရော"

"P'sing တစ်ခုခုသိထားတဲ့ပုံပဲ သူဘယ်သူလဲဆိုတာပြောပြပါလား"

"မပြောလို့မရဘူးလား kit စိတ်မကောင်းဖြစ်မှာစိုးလို့"

"ကျွန်တော် သူဘယ်သူဆိုတာ သိချင်တယ် ပြောပြပါနော် P' "

New နဲ့ Win ရဲ့အကြည့်တွေက singto စီရောက်သွားတယ်

"Kim..အင်ဂျင်နီယာ ပထမနှစ်က"

"Kim!? Kim.. ဟား P'sing လျှောက်ပြောနေတာ
ပဲ ဖြစ်မှာပါ သူကအရမ်းခင်ဖို့ကောင်းတာ ကျွန်
တော့်အပေါ်လည်း ဂရုစိုက်တာကို မဖြစ်နိုင်တာ"
Krist မယုံနိုင်တဲ့အတွက် ဖြေရှင်းချက်တွေ အများကြီးပေးနေမိတယ်

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now