F4 Thai version (ep 6)

988 99 0
                                    

Unicode♥

👇👇👇

နောက်ဆုံးတော့ လူညီခဲ့ပြီ နှစ်ဖွဲ့ ရှိမယ် အဲ့နှစ်ဖွဲ့က ပြိုင်စရာမလိုဘူး ပြိုင်ရမှာက ကိုယ်အဖွဲ့ရဲ့အဖွဲ့ငယ်တွေစီကပဲ နည်းနည်းရှုပ်နေလိမ့်မယ်ထင်တယ်
သေချာပြောရမယ်ဆို အသင်းသား 22ယောက် Off နဲ့ Mike ရောပါမယ်ဆို 24ယောက် မဲနှိုက်လိုက်တော့ နှစ်ဖွဲ့လုံးက မဂဏန်း သူတို့ရည်ရွယ်ထားတာက ဥပမာ ခွေးကို ဓါတ်ပုံ ရိုက်ခိုင်းတဲ့အဖွဲ့နဲ့ ကြောင်ကို ဓါတ်ပုံ ရိုက်ခိုင်းတဲ့ အဖွဲ့ ဆိုပါစို့ အဲ့နှစ်ဖွဲ့မှာ 10:12 ဖြစ်ရမှာကို 11:11 ဖြစ်နေတော့ သူတို့မပါမဖြစ်ပါရတော့မယ် နှစ်ယောက်
တစ်ဖွဲ့ဖြစ်နေတဲ့အတွက် အဲ့လိုနဲ့ သူတို့ ပြိုင်ပွဲလေးကိုအသက်သွင်းလိုက်ကြတော့တယ်

"နှစ်ယောက်တစ်ဖွဲ့စီ ဆိုတော့ မင်းနဲ့ငါနဲ့ပေါ့ Gun"
Off တစ်ယောက် ပြောလိုက်တယ် ကိုယ်က သူ့ကကူညီယုံပဲ ကိုယ်ကချည်း ဓါတ်ပုံတွေအများကြီး
ရိုက်ပေးလိုက်ရင် ဘယ်တရားရာကျမလဲ

"Imm P'Off ကျွန်တော်တို့က ကျောင်းရှုခင်းတွေရိုက်ရမှာနော် ဟိုအဖွဲ့ကရော"

"ကျောင်းစာကြည့်တိုက်"

"အဲ့ဆို စာဖတ်သူတွေပါ ပါမှာပေါ့"

"Aပေါ့ သူတို့ကိုယ်တိုင်တော့ စာဖတ်သူလုပ်လို့မရပါဘူး"

Offတစ်ယောက် သူပြောတဲ့စကားကို သူဘာသူ
သဘောကျပြီး ရယ်နေချိန် ကောင်လေးတစ်ယောက် အရှိန်နဲ့ပြေးလာတာ မြင်လိုက်တဲ့အတွက် Gunကိုမထိမိအောင် ဖက်လိုက်မိတယ် ဒါပေမဲ့ သူမတတ်
လိုက်နိုင် ကောင်လေးက Gunကိုတွန်းသလို ဖြစ်သွားပြီး ဖက်ထားတဲ့ ကျွန်တော်ပါ
အောက်ကို လဲကျသွားတယ် အခုအခြေအနေ
ကတော့ Gun က ကျွန်တော့ အပေါ်မှာပါ သူအခုဘာလုပ်နေတာလဲ!?
ကျွန်တော့်ကို ပြူးကြောင်ကြောင်ကြည့်နေ
တယ် အပေါ်ကလည်း မဖယ်ပေးဘူး ကျွန်တော်
လည်း သူကိုပြောမှ ဖြစ်တော့မည် မဟုတ်ရင် အကုန်လုံး အထင်လွဲသွားကြမည် မဟုတ်လား

"Hey Gun! Gun.. မင်းဘယ်ချိန်ထိ ဒီလိုနေဖို့စိတ်ကူးထားလဲ"ကျွန်တော်ပြောမှ အော် ဟုတ်သားပဲ ဆိုပြီး ကျွန်တော်အပေါ်မှ ထတယ် ထပြီးတော့လည်း ကျွန်တော့်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်လာပြန်ပြီ

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now