F4 Thai version (ep 22)

541 60 0
                                    

Unicode♥

👇👇👇

"ဒီနေ့ကစပြီး သုံးရက်နေရင် သီချင်းသစ်တစ်ပုဒ်
ကို အားလုံးစီ ချပြယုံပါပဲ" သတင်းထောက်ရဲ့စကား
အဆုံးမှာ တစ်ခန်းလုံး အပ်ကျသံပင်မကြားရ တိတ်
ဆိတ်သွားသည်။ ခဏကြာ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူမှာ New ပင်

"ဒါဖြစ်နိုင်တယ်ထင်လား မင်းမလုပ်ရတိုင်းလျှောက်
ပြောမနေနဲ့"New အသံမှာ ဒေါသသံစွက်နေတော့
Krist ကလှမ်းတားလိုက်တယ် အဲ့တော့မှ New လည်း အခြေ အနေပိုဆိုးသွားမှာစိုးလို့ ဘာမှမပြောဘဲ ငြိမ်နေလိုက်တော့တယ် Win တို့လည်း ဘာ
မှမပြောပေမဲ့ မျက်နှာမှာ စိတ်တိုနေသယောင် လက်သီးတင်းတင်းဆုပ်ကာ ရပ်နေလေသည်

"တောင်းပန်ပါတယ်..ဒါနဲ့ တကယ်ပဲ အဲ့ဒါကိုလုပ်
ပြနိုင်ရင် ကျွန်တော်အဲ့လိုမလုပ်မှန်း လက်ခံပေးမှာ
လား"Krist က အပြုံးမမည်သောအပြုံးဖြင့် သတင်းထောက်များအား မေးလိုက်သည်

"လုပ်နိုင်တယ်ဆိုရင် လက်ခံပေးရမှာပေါ့"

"Celle Jon ကိုရော မေးပြီးပြီလား"Gun လည်း မနေနိုင်တဲ့အဆုံး မေးလိုက်တယ်

"မေးပြီးသွားပါပြီ သူကိုယ်တိုင်သီချင်းရေးခဲ့တာပါ
သူ့လက်ရေးနဲ့ ရေးထားတာသီချင်းတွေ ကျွန်တော်တို့ကို ပြပါတယ်"

Gun လည်းထိုစကားကိုကြားတော့ မျက်မှောင်ကြုံ့ရင်းသာနေလိုက်သည်။

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော် အဂါၤနေ့ ကျရင်သီချင်းတစ်ပုဒ် အားလုံးစီ ချပြပါ့မယ် အခုတော့
ကျွန်တော်သွားလိုက်ပါဦးမယ်"Krist လည်းပြောပြီး ပြန်ထွက်လိုက်တယ် သတင်းထောက်အသီးသီး
ကလည်း သူတို့နေရာသူတို့ ပြန်သွားကြတယ်

"Kit~ 3 ရက်ထဲနဲ့
သီချင်းတစ်ပုဒ်..အဆင်ပြေပါ့မ
လား"Singto krist နောက်လိုက်သွားပြီး krist ပခုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာမေးလိုက်တယ်

"အဆင်ပြေသွားမှာပါ P'sing"

"ကိုယ် အဲ့ 3ရက်အတွင်း kit စီမှာလာနေမယ်"

"P'singtuan ရှိတော့ ကောင်းတာပေါ့ အခု ကျွန်တော် တစ်နေရာရာသွားပြီး သီချင်းစဥ်းစားမှ ဖြစ်
မယ် အချိန်ကသိပ်ရှိတာ မဟုတ်ဘူးလေ"

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now