F4 Thai version (ep 35)

643 55 1
                                    

Unicode♥

👇👇👇

"Hin.."New တို့အိမ်ရှေ့မှာအော်ခေါ်နေ၍ New အိမ်ပြင်ထွက် တံခါးသွားဖွင့်ပေးရတယ်

"Tae..အစောကြီးပဲ ရှိသေးတာကို"

"မစောပါဘူး အတော်ပါပဲ ငါကငါ့ရှေ့မှာရပ်
နေတဲ့ တစ်ယောက်ကို လွမ်းနေရလို့ စောစောလာခဲ့တယ်ဆိုရင် ပိုမှန်မယ်ထင်တယ်"

"အဲ့ဆိုလည်း အထဲဝင် ငါအဝတ်လဲရဦးမယ် ခဏစောင့်"

"ဟုတ်ကဲ့ပါ ငါ့ကောင်လေးရေ"New ကတော့ Tay ကိုမျက်လုံးပြူးကြည့်ပြီးကာမှ ရှက်ပြုံး
လေးပြုံးပြီး အပေါ်ထပ်ကိုသာ တက်သွား
လိုက်တယ်

"Gun..မင်းဒီနေ့သွားစရာရှိလား"Tay အိမ်ရှေ့ခန်းမှာထိုင်နေရင်း Gun မီးဖိုချောင်
ထဲကထွက်တာတွေ့တော့ မေးလိုက်တယ်

"Aww P'Tay ရောက်နေတာပဲ ကျွန်တော်
ဒီနေ့ club ကလူတွေနဲ့ မုန့်သွားစားမလို့"

"မင်းသွားစရာမရှိဘူးဆိုရင် တစ်ခါတည်းခေါ်
သွားမလို့"

"P'တို့ပဲ ပျော်ခဲ့ကြပါ ကျွန်တော်သွားပြီ New ကို ကိုပြောပေးပါဦးနော် P'Tay"

"အေး အေး"

ခဏကြာတော့ New အိမ်ပေါ့ထပ်ကဆင်း
လာတယ် Tay ရဲ့အကြည့်တွေက New
စီကနေ မခွာနိုင် New ဝတ်ထားတာက ပန်းရောင်အကျီ နဲ့ အမဲရောင်ဘောင်းဘီတို
ကစားကွင်းသွားမယ်ဆိုတော့ ပေါ့ပေါ့
ပါးပါး ဝတ်လာတာပေါ့

"မင်း ဒီလိုဝတ်မှဖြစ်မှာလား"Tay ကမျက်မှောင်ကြုံ့ရင်း မေးလိုက်တယ်

"ဘာဖြစ်လို့ Tae ဒီဟာ အဆင်ပြေပါတယ်"

"မင်းကို တခြားလူတွေ ငေးနေမှာစိုးလို့"

"အဲ့လိုလား အဲ့တာဆို မင်းဂုဏ်ယူသင့်တယ်"

"ဘာလို့လဲ"

"ငါ့လိုချစ်ဖို့ကောင်းတဲ့ကောင်လေးကို မင်းပိုင်ဆိုင်ခွင့်ရလို့"

"မင်းဒီလိုမပြောခင်ကတည်းက ငါကကြံဖန် ဂုဏ်ယူနေပြီးသားပါ"

"ဒါနဲ့ Tae တခြားလူတွေက ဘယ်လိုသွားကြမှာလဲ ကစားကွင်းကို"

"သူတို့ကို နေရာပြောပြပြီးသား ကိုယ်တို့ Uni ရှေ့မှာချိန်းထားကြတယ် လူစုံမှ တူတူသွားကြ
တာပေါ့" Tay ပြောလိုက်တော့ New ကနာရီကိုကြည့်လိုက်ပြီး

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now