F4 Thai version (ep 36)

542 53 0
                                    

Unicode♥

👇👇👇

"ဟာ မင်းတို့"P'Guyရဲ့အသံကြောင့် brightနဲ့ Win နမ်းနေတာရပ်ပြီး ကြည့်လိုက်တော့ သူတို့နမ်းနေတာကိုရပ်ကြည့်နေသော လူတစ်စု
ကိုတွေ့ရတယ်

"P'Guy...မင်းတို့ဘယ်ချိန်ကတည်းကရောက်နေကြတာလဲ"Bright Guyကိုတစ်လှည့် သူ့သူငယ်ချင်းတွေကို တစ်လှည့်ကြည့်ပြီးပြော
နေပေမဲ့ Winကတော့ ထိုလူတစ်စုရဲ့ဆန့်ကျင်
ဘက်ကိုသာ မျက်နှာပေးထားတယ် ခုချိန်လူမိ
သွားတဲ့အတွက်ကြောင့် Win စိတ်တိုတာလား ရှက်တာလားမသဲကွဲပေမဲ့ မျက်နှာကြီးနီနေ
တာတော့ အမှန်ပဲ။

"မင်းတို့နမ်းကောင်းနေတဲ့ အချိန်တည်းက..
မင်းတို့ကို ခုန pocky game ကစားခိုင်းတုန်း
ကကျတော့ ဒီလိုမဟုတ်တော့ ငါတို့ကမင်းနဲ့
သူ့ကို ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်ထား
တာ ခုတော့ အဟမ်း..မဟုတ်မှလွဲရော မင်းတို့
ကချစ်သူတွေလား" Guyက မျက်လုံးပြူးကာ မေးလိုက်တော့

"P' တို့မြင်တဲ့အတိုင်းပဲ Win ကျွန်တော့်
ကောင်လေး" Bright က Winကိုကြည့်လိုက်
ရင်း ပြောလိုက်တယ်

"Oh My God ဒါကတကယ့်သတင်းထူးပဲ ဒါနဲ့မင်းတို့တွဲတာ ကြာပြီလား"

"သိပ်မကြာသေးပါဘူး P'Guy ဒါပေမဲ့ သူကျွန်တော့်နှလုံးသားထဲမှာ နေရာယူထားတာ
တော့ ကြာပြီ"

"Oho ဒါငါတို့ရဲ့ အချေမင်းသားလေး bright ရော ဟုတ်ရဲ့လား"

"မဟုတ်ဘူး ကျွန်တော်ကဆက်ချေနေဦးမှာပဲ Win ကလွဲပြီး အားလုံးအပေါ်မှာ"

"အော်အေးအေး"Guy ကရွဲ့ပြီး မေးငေါ့ကာ
ပြောလိုက်တယ်

"P' တို့အားလုံးဘယ်လိုဖြစ်ပြီး ပန်းခြံထဲရောက်
လာတာလဲ??"

"Fudanshi လေး drake ပေါ့ ငါမင်းကို
မေးစရာရှိလို့ မင်းဘယ်နေရာမှာရှိလဲ ခေါ်ပေး
လို့အကူအညီတောင်းလိုက်တာ ခဏကြာတော့ သူအလောတကြီးပြေးခေါ်ပါလေရော ငါလည်း
ဘာလဲဆိုပြီး လိုက်သွားတာသူတို့အားလုံးပါ ပါလာရောပေါ့"Guy brightနဲ့ win ကို
ကြည့်ပြီးပြုံးစိစိဖြစ်နေတဲ့ drake ကိုကြည့်
ပြောလိုက်တော့ drake ကသူမဟုတ်သလို
ဟိုကြည့်ကြည့်ဒီကြည့်လုပ်နေရင်း Guy ရဲ့အကြည့်ကို ရှောင်လွဲလိုက်တယ်

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now