F4 Thai version (ep 33)

570 58 0
                                    

Unicode♥

👇👇👇

"Hin.."coffee ဆိုင်ထဲဝင်လာတဲ့ကောင်လေးကခေါ်လိုက်တယ်
New သူ့ကိုခေါ်တဲ့သူက ဘယ်သူ
လဲဆိုတာ မကြည့်ဘဲနဲ့တောင်ခန့်မှန်းနိုင်တယ် ဘာလို့ဆို သူကိုအဲ့လိုခေါ်တာ Tay တစ်ယောက်သာရှိလို့ပဲ Newလှည့်ကြည့်လိုက်
တော့ Tayတစ်ယောက်
ထဲမဟုတ် Tay အစ်မ muk လည်းပါသည်

"အော် P'muk လည်းပါတယ် လာ P' ဒီမှာထိုင်"New က ထိုင်ဖို့နေရာပြပေးပြီး ဖော်ဖော်ရွေရွေယဥ်ယဥ်ကျေးကျေးဆက်ဆံ
နေတော့ Tay တစ်ယောက်ပါး
စပ်အဟောင်းသားဖြင့် New ရဲ့ဒီလိုပုံစံကို သူခုမှမြင်ဖူးသည်လေ Muk ကလည်းမျက်လုံးလေးပေကလပ်
ပေကလပ်ဖြင့် New ကိုကြည့်နေသည် သူတို့နှစ်ယောက်က ရင်းနှီးသေးတာမဟုတ်ဘဲ အခုလိုပြောနေသည့်အတွက်ကြောင့်ပင်

"P'muk ဘာသောက်မလဲ မသိဘူး P'Tay ရော"

"New မင်းဖျားနေတာလား"Tay လက်တစ်ဖက်က New လက်ကိုကိုင်လိုက်ပြီး ထိုင်ခုံမှထကာ နောက်လက်တစ်ဖက်က New ရဲ့နဖူးပေါ်တင်လိုက်တယ် အပူချိန်စမ်းဖို့ပေါ့

"အဖျားလည်း မရှိပါဘူး မင်းဘာဖြစ်နေတာလဲ"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"New သူ့တစ်သက်တာမှာ အလှဆုံးအပြုံးကို ချိတ်ဆွဲကာ ပြောလိုက်တယ်

"မဖြစ်လို့ပဲ ဒီမှာခဏထိုင်ဦး ငါမင်းကို မိတ်ဆက်ပေးမလို့"

"အွန်း P'Tay"ပြောပြီး Newလည်း Tay တို့ဘေးမှာ ထိုင်လိုက်တယ်

"New..ဒါငါ့အစ်မ P'muk.. P' ဒါက New Mae အချစ်သူငယ်ချင်းရဲ့သားလေ ကျွန်တော့်
ရေကူး clubရဲ့ အသင်းဝင်လည်းဖြစ်သလို သူကအင်ဂျင်နီယာ ဒုတိယနှစ်လည်းဖြစ်တော့ စီနီယာဂျူနီယာတွေပေါ့"

"တွေ့ရတာဝမ်းသာပါတယ်နော် P'muk"
New လက်ဆွဲနှုတ်ဆက်မလို့ Muk စီလက်
လှမ်းတုန်းပဲရှိသေး Tay က Newလက်ကို
ဆွဲယူပြီး သူ့လက်နဲ့ တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်တယ် New ကတော့ Tay
ကိုမျက်လုံးလေးပြူးကာ ကြည့်ပြီး ပြောလိုက်
တယ်

"ငါ့မောင်က တော်တော်လေးသဝန်တိုတတ်တာ New ရေ ခုလည်းကြည့်ပါလား သူ့အစ်မနဲ့
တောင်သဝန်တိုနေပြန်ပြီ ဘာလိုပဲဖြစ်ဖြစ် New ကအရမ်းချစ်ဖို့ကောင်းနေတော့ Tay ဒီလိုဖြစ်နေတာကို အပြစ်ပြောလို့ကလည်း
မရပြန်ဘူး.."Muk က New ကိုပြောလိုက်
တော့ New ကမျက်နှာလေးရဲကာ ရှက်နေ
တယ် Tayကိုင်ထားတဲ့ လက်ကိုလည်း မလွှတ်
လိုက်..ဒါပေမဲ့ ကောင်တာမှာရပ်ကာသူတို့ကို
ကြည့်နေတဲ့ win ကတော့လာမှာသူများ
နေသည့်အတွက် တစ်ယောက်ထဲမို့ အလုပ်ရှုပ်
နေရှာတယ် သူ့စိတ်ထဲမှာပြောနေမိတာက

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now