F4 Thai version (ep 5)

1.1K 108 1
                                    

Unicode♥

👇👇👇

brightတစ်ယောက် krist ၏ ဘယ်သူလဲ သိချင်သွားကြည့် ဟူသောစကားကြောင့် ထိုသူ စောင့်နေမည့် club အရှေ့ကိုသာ အပြေးသွားလိုက်သည် ဘာလို့အပြေးသွားလဲလို့မေးရင်
Fanတွေ လက်ဆောင်တွေ မုန့်တွေ အအေးတွေလာပေးရင် club ကလူတွေက ဒီတိုင်းသူ့ဆီ ယူသွားပေးကြလေ ဒီလို အရေးတကျယ် ခေါ်မနေ ခုက krist ကိုခေါ်ခိုင်းတာ krist ခေါ်ခိုင်းတာ ဘာထူးဆန်းလည်း မေးပြန်ရင်လည်း Omm ထူးဆန်းတယ်လေ သူကတစ်ခုခုဆို ပွင့်ပွင့်လင်းလင်း ပြောတယ်လေ ခုကသူတစ်ခုခု
ဖုန်းကွယ်ထားသလိုပဲ အတွေးနယ်ချဲ့နေရင်းနဲ့ club
ရှေ့ကိုတောင် ရောက်နေပြီ ဒါပေမဲ့ တွေ့လိုက်ရတဲ့
မြင်ကွင်းကသူ့ကို ခဏတာငြိမ်သက်စေသည်
မဟုတ်လောက်ပါဘူးလေ သူ့ကိုတွေ့ချင်သည့်တစ်ယောက်က ဟိုနားဒီနားသွားနေလို့ဖြစ်မှာပါ သူမဖြစ်နိုင်ဘူး သူနဲ့တွေးစရာအကြောင်းလည်း ကိုယ့်မှာမရှိ ထိုသူသည်တခြားသူမဟုတ် မနေ့ကမှ သူ့ကိုအရှက်မခွဲယုံတမယ်ပြောသွားသောသူ ဒါပေမဲ့ မေးမြန်းခြင်းသည်သာ သေချာခြင်းဖြစ်သည် ထို့ကြောင့် သူလဲမလွဲသာလို့သာ မေးလိုက်လေသည် စိတ်အစဥ်ကတော့ ဆုတောင်းနေမိသည် သူမဟုတ်စေဖို့

"ဒီက Win မဟုတ်ဘူးမလား"ကျွန်တော်မေးလိုက်ပါတယ် ဒါပေမဲ့ negative ဖက်သွားသော
အမေးတစ်ခု

"Win ဟုတ်ပါတယ်"သူ့ ဆုတောင်းများမပြည့်ခဲ့ ဒါပေမဲ့လည်း ထပ်တူသူအံ့သြရသည် ဘာအတွက်ကြောင့်နဲ့ Aww krist ငါ့ကို အဲ့ဒါကြောင့် ဖုန်းကွယ်နေတာကို

"ကျွန်တော်ကို kristကတစ်ဆင့် ခေါ်ခိုင်းလိုက်တာ ဘာပြောစရာများ ထွေထွေထူးထူးရှိလို့လဲ"ဒီစကားဟာ အပိုပြောမှန်းမဟုတ်တာ သူရော ကျွန်တော်ပါ သိသည်

"ပြောစရာထက် အကူအညီတောင်းတယ်ဆို ပိုမှန်လိမ့်မယ်ထင်တယ်"

"ငါတို့နှစ်ယောက်က အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ရတဲ့ ဆက်ဆံရေးမဟုတ်ဘူးထင်တယ်"

"အဲ့လိုဆိုလည်း ခင်များ ကျွန်တော့်ဖုန်းကို
တက်နင်းသွားတယ်လေ အခုကျွန်တော့်ကို ပြန်ကူညီပေး အဲ့လိုဆိုကျေပြီ"

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now