F4 Thai version (extra 1)(Marriage life)

732 57 0
                                    

Unicode♥

👇👇👇

7 years later...

ကျွန်တော်တို့​ကျောင်းပြီးသွားတဲ့နောက် ကိုယ်
ဝါသနာပါတဲ့အလုပ်တွေကို စိတ်တိုင်းကျ
ရွေးချယ်ခဲ့ကြတယ် ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးသွားတယ်ဆိုတာ မရှိခဲ့ဘူး...

F4 လေးယောက်ကတော့ သူတို့သက်ဆိုင်ရာ
company တွေမှာ သူတို့အဖေတွေရဲ့ အလုပ်
ကိုတာဝန်ယူနေရပြီပေါ့ သူတို့ကတော်ပြီး ထက်မြတ်တဲ့လူတွေ ဖြစ်ကြတာမို့ သူတို့အဖေ
လက်ထက်က company ဟာခုသူတို့လက်
ထက်မှာ အရင်ကထက်ပိုပြီး လည်ပတ်နိုင်တယ်

အချိုစားရတာကြိုက်တဲ့ New ကတော့ သူ့ဆန္ဒအလျောက် dessert ဆိုင်လေးဖွင့်ထား
ပြီလေ..Tay စီက အချိုတွေအမြဲတမ်း မစားပါ
ဘူးဆိုသော ကတိကို ထပ်တလဲလဲပေးရင်းပေါ့ ဒါပေမဲ့ မြည်းကြည့်မယ်ဆိုပြီး အချိုတွေစားခဲ့
သည့်နေ့များမှာလည်း မနည်းမနှော..New ရဲ့
ဆိုင်လေးဟာ အရသာရှိတဲ့မုန့်တွေ ရေခဲမုန့်
တွေရနိုင်တဲ့ နာမည်ကြီးဆိုင်လေးပေါ့...စားသုံး
သူများမှာလည်း လျော့သွားသည်မရှိ လူညွှန်း
များသောဆိုင်လေးဖြစ်တာကြောင့် စာသုံးသူ
များ တိုးလာခြင်းသာ ရှိ၏..။

အဆိုတော်လေး Krist ကတော့ တက်သစ်စ အဆိုတော်ဘဝကနေ အခုအတွေ့အကြုံများ
နေပြီဖြစ်တဲ့ နာမည်ကြီး လူမုန်းနည်းသော
အဆိုတော်တစ်ယောက် ဖြစ်လာတယ်...
လူတိုင်းရဲ့အချစ်တွေကို ရရှိနေတဲ့ကောင်လေး
စွမ်းအားတစ်ခုလိုဖြစ်နေတဲ့ krist ရဲ့မျက်လုံး
တစ်စုံဟာ တစ်ခုခုတောင်းဆိုတိုင်း ဘယ်သူမဆို
ငြင်းပယ်နိုင်စွမ်း မရှိတာမျိုး...

အသေးလေး Gun ကကျ သူထူးချွန်သော ဇာတ်ညွှန်းရေးတဲ့ နယ်ပယ်မှာ နာမည်ကြီးတစ်
ယောက်ဖြစ်လာတယ်...နာမည်ကြီးထုတ်လုပ်သူတွေရဲ့ အများဆုံးဝယ်ယူပြီး ဇာတ်လမ်းများ
ပြန်ရိုက်ခြင်းခံသော ဇာတ်ညွှန်းများပင်...

ယုန်ပေါက်လေး Win ကကျတော့ နာမည်ကြီး
Online blogger တစ်ယောက်...
follower ပေါင်းအများကြီးရှိတဲ့ နာမည်ကြီး
လုပ်ငန်းရှင်တွေကတောင် ကြော်ငြာဖို့ ကမ်း
လှမ်းခံရတဲ့ လူတစ်ယောက်ပေါ့...

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now