Chapter (6) 🔞

7.3K 441 10
                                    

သခင်🔥
_______

"ရွှမ်း.."

" အ..."

"Daddy..!! "

"Ray မင်းဖယ်စမ်း! "

"မဖယ်ဘူး..ဘာလို့ Dad က Light ကိုမှနှိပ်စက်ချင်ရတာလဲ? Dad ရဲ့ Customer တွေကိုထိုးကျွေးရအောင် Light က ရောင်းကုန်မဟုတ်ဘူး.."

သောမက်စ် က တစ်ဟက်ဟက်ရယ်ရင်း လက်မှာကိုင်ထားသော ကြာပွတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ကာ..

"သူ့ကို 0 လုပ်ခိုင်းတာမဟုတ်ဘူး..1 အနေနဲ့ အဲ့ဒီသူဌေးသားလေးကို ကောင်းကင်ဘုံရောက်အောင် ပြုစုပေးခိုင်းတာ..၊ ငါသူ့ကို ကျွေးမွေးလာတာ..ဒီလောက်ကတော့ ပြန်ရသင့်တယ်မဟုတ်လား? "

ဘယ်ဘက်နားက ဝင်လာသောစကားလုံးကို ရှောင်းကျန့်မှာ ညာဘက်နားကပြန်ထုတ်ပစ်လိုက်တယ်..။ Ray ရောက်တာမြန်လို့ပဲ မဟုတ်ရင် သူသေလောက်အောင် အရိုက်ခံရတော့မှာ..

"ဘာ့မှလာမပြောနဲ့..Dad သွားတော့.."

အပြောနဲ့တင်မဟုတ်..အဖေဖြစ်သူကိုခန္ဓာကိုယ်ကြီးကို မိမိအခန်းထဲက တွန်းထုတ်နေသော Ray ကြောင့် ရှောင်းကျန့်မျက်နှာက ပြုံးယောင်းသမ်းသည်..။ သို့ပေမဲ့..

"အေ..ဒီနေ့တော့ ကံကောင်းသွားတယ်မှတ်..Ray က မင်းဘေးနားမှာ အမြဲရှိမနေနိုင်ဘူးနော်..Light မင်းသတိထားပြီးတော့နေ.."

"Dad သွားတော့လို့ ပြောနေတယ်လေ..အလကားခြိမ်းခြောက်မနေနဲ့..Light အနားမှာ ကျွန်တော်အမြဲတမ်းရှိနေမှာ.."

ထိုစကားဟာ..ခြိမ်းခြောက်စကားမဟုတ်မှန်းရှောင်းကျန့်သိနေသည်..။ ဒါက သူအရွယ်ရောက်လာတာနဲ့ လုပ်ရမယ့်အလုပ်တစ်ခုဆိုတာ..သိပေမယ့်လည်း..

"Light မင်းဒဏ်ရာတွေကို ငါ ဆေးထည့်ပေးမယ်နော်..၊ ဘာ့မှစိတ်ထဲမထားနဲ့ မင်းကိုငါ ကာကွယ်ပေးမှာ.."

လက်မောင်းနဲ့ရင်ဘတ်က အရှိုးရာများကိုကြည့်ရင်း နဂိုဖြူဖျော့သော Ray မျက်နှာကပို၍အခြေအနေ ဆိုးလာသည်..။ အကျီကြယ်သီးတွေကိုဖြုတ်ပြီး သူ့ ဒဏ်ရာကိုအရက်ပြန်ထည့်ပေးလာတော့..

"အ...! "

" မင်းကလဲ မနာဘူးလို့တွေးလေ.."

"Yeti ကလဲ နာတာကိုမနာဘူးလို့ ဘယ်လိုတွေးရမှာလဲ? မင်းအဖေလက်ဆ ဘယ်လောက်ပြင်းမှန်း မင်းမှမသိတာ..အ..ကျစ်! "

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now