Chapter (10)

5.3K 458 20
                                    

သခင် 🔥
-------------

"Light... မင်းဘယ်မှာလဲ? "

"Light..."

"Light..."

​မီးခိုးငွေ့တွေကြား ဖျော့တော့စွာရပ်နေတယ့် ပုံရိပ်လေး..။ ဖြူဖွေးသော အသားအရေနှင့် ဘော်ငွေရောင် ဆံပင်ကိုမှအားမနာ ဖြူလွလွဝတ်စုံကို ဝတ်ထားသေးသည်..။ ဒါက Yeti ကြိုက်သော ပုံစံမျိုးမဟုတ်..။ ထိုလူသားက Dark ဘက်သွားသော ကာလာများကိုသာနှစ်သက်သည်မဟုတ်လား?

ခု သူ့ပုံစံကအရမ်းကို စိတ္တဇဆန်နေကာ ပါးပြင်ပေါ်မှာ ​မျက်ရည်ဥတို့က လှုပ်လီလှုပ်လဲ့နဲ့သနားစဖွယ်ကောင်းနေသည်..။ Yeti က ငိုခဲတယ်လေ..ဘာလို့များ သူကငိုနေရတာလဲ?

"Yeti..."

"Yeti...မင်းဘယ်သွားမလို့လဲ?.."

"ဟင့်အင်း..ငါ့ကို​ပြော..Yeti.."

တိုးသဲ့သဲ့ညည်းညူသံတို့ကြောင့် ရိပေါ်မှာခဲရာခဲဆစ်နဲ့ မျက်လုံးပါဖွင့်ကြည့်လိုက်ရသည်..။ ရင်နှီးနေသော နာမ်စားက မိမိဘေးကထွက်လာနေသည်မဟုတ်လား?

"ကျစ်! "

ထင်တယ့်အတိုင်းပဲ..၊ ကုတင်စွန်းမှာ အိပ်ပျော်နေသော ရှောင်းကျန့်က တစ်ခုခုကိုအသည်းအသန် တားဆီးနေပုံပင်..။ Yeti..တဲ့လာပြန်ပြီလား ဒီနှင်းလူသား!

"ေစာစောစီးစီး Yeti နေလိုက်.."

ရင်ဘတ်ကို လက်နဲ့ပိတ်တွန်းလိုက်ပေမို့ ရှောင်းကျန့်မှာ ကူရာကယ်ရာမဲ့စွာနှင့်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွွားသည်..။

"အ..သေပါပြီ.."

ခန္ဓာကိုယ်က နာကျင်မှုကိုသတိမမူမိပဲ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးမှ..

"နိုးပြီလား သခင်.."

"ကန်းနေလား? ဒါနဲ့နေပါဦး Yeti က ဘယ်သူလဲ? မင်းကိုငါဝယ်လာကတည်းက ငါ့အတွက်ပဲ ရှင်သန်ရမယ်လို့ ပြောထားတယ်လေ.."

"ဟုတ်..ကျွန်တော်အဲ့လိုပဲ ရှင်သန်နေတာပါ.."

ရိပေါ်မှာ မျက်မှောင်ကျုံ့လိုက်ပြီး..

"​ပြော မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ? ငါ့ကို လိမ်မယ်မကြံနဲ့နော်.."

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now