Chapter (19) 🔞

7.6K 466 15
                                    

သခင်🔥
----------

ညလယ်လောက်ကြီးမှာ ရိပေါ်နိုးလာခဲ့တယ်..၊ ဘေးမှာတော့ အရင်ကနဲ့မတူပဲ ရှောင်းကျန့်ရှိနေခဲ့ပြီ..။

"ကျန့်.."

တိုးတိတ်စွာခေါ်ညည်းသံကို ချစ်ရသူ က ကြားမည်မထင်..၊ ၉ နှစ်ဆိုတဲ့အချိန်ကာလ အတွင်းမှာ သူမျက်လုံးတွေက ဝူချန်ကော တစ်ယောက်တည်းကိုသာ ကြည့်ခဲ့သည်..။

အချစ်လား?
စွဲလန်းမှုလား?
ယုံကြည်မှုလား?
အားကိုးခြင်းလား?
ွနီးစပ်မှုကြောင့်လား?
ထိုကဲ့သို့သော မရေမရာ အကြောင်းအရာများနဲ့အတူ မျှော်လင့်ချက်တွေရော ၊ အနာဂတ်တွေပါ ပျက်စီးအောင် အချစ်ဆိုသောခေါင်းစဥ်အောက်မှာ သူနစ်ပြီးရင်းကို နစ်ခဲ့သည်..။

"ဟင့်..င့်.."

တိုးတိတ်စွာညည်းညူသံလေးပင်..၊အရင်ကလို အိပ်မက်တွေ မက်နေတာလား ကျန့်ရယ်..။ မျက်ခုံးတန်းတန်းလေးက တစ်ခါတစ်လေတွန့်ကြုတ်သွားသလို နှုတ်ခမ်းတပြင်ပြင်နဲ့ စကားပြောချင်နေသလို..၊ Yeti ဆိုပြီး အိပ်မက်ယောင် မယောင်လိုက်ပါနဲ့..။ ငါကြောက်လို့ပါ ငါကြောက်လို့ပါ ရှောင်းကျန့်ရယ်..

"Kid ~~~ K—id.."

"*Sob.. "

နှာတံစင်းစင်းလေးကို အသားတို့ထိကြည့်ရင်း မိမိမျက်ဝန်းတွေကိုမှိတ်ထားလိုက်တယ်..။ ေကျးဇူးပါ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်..။

"*Sob..."

အလယ်မှာ မိမိထားထားတယ့် ခွခေါင်းအုံးကြီးကို ဆွဲဖယ်လိုက်ပြီး ထိုရင်ခွင်ထဲတိုးဝင်မိတယ်..၊ ငါ့လိုကောင်မှာ ပိုင်ဆိုင်တာဆိုလို့ မာနဆိုတဲ့ မျက်နှာဖုံးလှလှလေးပဲ ရှိတော့တာ..။ ကျေးဇူးပြုပြီး ငါက နှင်ထုတ်ခဲ့ရင်တောင် မင်းက ထားမသွားပါနဲ့..။

"**Sob "

Yeti ရဲ့ Light မလုပ်ပဲ...
Kid ရဲ့ ရှောင်းကျန့်အဖြစ်နဲ့ပဲ ငါ့အနားမှာနေပေးပါ..။

"ငါ မင်းကိုချစ်တယ်.."

"မင်း က ငါ့ရဲ့နောက်ဆုံးအချစ်ပါပဲ * Sob ဒါပေမဲ့ ငါ..ငါ မင်းကိုထုတ်မပြောနိုင်ခဲ့ဘူး.."

မျက်ရည်စက်တွေက ရှောင်းကျန့်အကျီကိုဖောက်ဝင်ပြီး ရင်ဘတ်ထိတောင်စိုလူးကုန်မှာ အသေအချာ..၊ တစ်သိမ့်သိမ့်တုန်ယင်နေသော ကျောပြင်သေးသေးလေးကမူ နှစ်သိမ့်မှုကို တောင်းခံနေသည့်အလား..။

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now