Chapter (5) Zawgyi

1.5K 148 2
                                    

သခင်
----------

တရုတ်ပြည် ယူနန်နယ်စပ်...;

နယ်စပ်ဆိုသည့်အလျောက်..တရားမဝင်ကိစ္စများကရှိစမြဲ..။ မီးများမီးနိုင်ရေများရေနိုင်ဆိုတယ့်စကားအတိုင်း "Devil Hell"ဆိုသော Club ကမူအတော်ကလေးကိုထင်ရှားသည်..။

တရားဝင်ဘိန်းခန်းများဖွင့်ထားသည့်အပြင်..လိင်ကိစ္စကိုလည်း ပေါ်ပေါ်ထင်ထင်ပဲလုပ်ကိုင်သော Club ဖြစ်သည်..။ ကာစီနိုဝိုင်းနဲ့ လောင်းကစားဝိုင်းများစွာလဲ ပျော်ပါးဖို့အတွက်ရှိနေကာ..ပိုက်ဆံမရှိလျှင်ခန္ဓာကိုယ်ကို အပေါင်ထားပြီးလောင်းကစားလုပ်လို့လဲရသည်..။

လိုချင်တာရနေသော ထိုအိုအေစစ်ရဲ့ပိုင်ရှင်က အသက်၅၀ ကျော်လူကြီး သြာမကျဈပငျ..၊ နီစပ်စပ်အသားအရေနဲ့ မျက်နှာပေါက်ကိုကြည့်ခြင်းအားဖြင့် China လူမျိုးစစ်စစ်မဟုတ်မှန်းခန့်မှန်းကြည့်ရုံနဲ့ သိနိုင်သည်..။

"ခွမ်း...!..ဝုန်း..."

ေကြွထည်ပစ္စည်းများနဲ့ တန်ဖိုးကြီးပန်းချီကားများက အမှိုက်သာသာဘဝသို့ တစ်မဟုတ်ချင်းပျက်ကိန်းဆိုက်ကာ..အော်ဟစ်သံစူးစူးက Dj သံခပ်မြူးမြူးကိုမဖုံးကွယ်နိုင်သော်လည်း..ကာစီဝိုင်းတွင်ထိုင်နေသောလူကြီးမှာ မျက်မှောင်တွေတွန့်ကျိုးကုန်သည်..။ ဘယ်သူက ဒီလောက်တောင်အော်ဟစ်နေရတာတုန်း..

မကြာခင် ထိုလူကြီးအနားသို့ လူရွယ်တစ်ယောက်အပြေးရောက်လာပြီး..တိုးသဲ့သောအသံနှင့်..

"သူဌေး..သခင်လေးပြန်ရောက်ပါပြီ Light ကိုမတွေ့လို့ပြသာနာရှာနေပါတယ်.."

"ငါလာခဲ့မယ်.."

ကာစီနိုဝိုင်းက လူတွေကိုအပြုံးတစ်ပွင့်နဲ့နှုတ်ဆတ်ပြီး အတွင်းခန်းထဲသို့ဝင်လာလိုက်ခဲ့သည်..။ Club နောက်က အခန်းများစွာအနက် သာမာန်ပုံစံမဟုတ်တဲ့အခန်းထဲသို့ဝင်လိုက်ပြီး..

"My Son! Tokyo(တိုကျို)ကပြန်လာပြီပေါ့..၊ ေပြာတော့နောက်အပတ်မှ ပြန်လာမယ်ဆို ဘယ်လိုဖြစ်ရတာလဲ ?.."

အပျက်အစီးကြားမှာ ငုတ်တုတ်ထိုင်နေသော ကောင်လေးရဲ့ ခန္ဓာကိုယ်ဟာ တစ်သိမ့်သိမ့်တုန်ယင်လျက်ရှိပြီး ဖြူဖွေးသောအသားအရေက ဘော်ငွေရောင်ဆံပင်တို့နှင့်အပြိုင် နုမွတ်လို့..

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now