Chapter (14) 🔞

7.9K 489 16
                                    

သခင် 🔥
---------

အခန်းထဲမှာ..အသက်ရှူသံမျဥ်းမျဥ်းကလွဲလို့ လူလေးယောက်ဟာ တိတ်ဆိတ်နေသည်..၊ ဝူချန် က ဝမ်ပါးအား လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ပြီး..

"Daddy.... တိတိရောက်လာပြီလေ.."

ဝမ်ပါးမှာအတွေးလွန်နေပုံနှင့် ဆတ်ခနဲပင်ဖြစ်သွားကာ ရှေ့မှာမတ်တတ်ရပ်နေသူ နှစ်ယောက်ကိုသာ ယောင်ယောင်မှားမှားနဲ့ကြည့်မိသွားတယ်..။ ထို့နောက်..

"ရိပေါ်...ရှေ့လျောက်ဘာလုပ်ဖို့ဆုံးဖြတ်ထားလဲ?"

"ဘာလုပ်ရမှာလဲ? ရှေ့လျောက် ရှောင်းကျန့်နဲ့အတူနေမှာပေါ့.."

ပါးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး ရှောင်းကျန့်ကိုလှည့်ကြည့်တယ်..။ ရိပေါ်လဲ ပါးးကိုပြန်ကြည့်မိသလို ပါးဘေးမှာ ခပ်ယို့ယို့မတ်တတ်ရပ်နေတဲ့ ဝူချန်ကောကိုပါ တစ်ဆတ်တည်းကြည့်မိသွားတယ်..။

အဟက်! တကယ်ကိုပဲ..ဒါကဘယ်လိုလုပ် သားအဖနဲ့တူမှာလဲ? အလကားပဲ..သူကတစ်ကယ့်ကိုတုံးလွန်းခဲ့တာပါ..။ ဒီလောက်ကြီးရှင်းနေတဲ့ Daddy နဲ့ Baby ဒီဇိုင်းကြီးကိုကွာ..။ ဝမ်ရိပေါ်ရယ် မင်းကသိပ်ကိုတုံးအလွန်းတာပဲ..။

ဘေးက ကောင်လေးရဲ့ အသက်ရှူသံပြင်းပြင်းကို ကြားနေရတာကြောင့် ရှောင်းကျန့်မှာ အားပေးသလိုနှင့် လက်ကိုဖွဖွလေးဆုပ်ညှစ်လိုက်ပြီး..

"Kid! ကိုယ်ရှိတယ်နော်.."

ရိပေါ်လဲ ခုမှအသိဝင်လာကာ..

" ငါ ဘာ့မှမဖြစ်ပါဘူး..ဒါနဲ့ပါးးက ဘာလုပ်ဖို့ခေါ်တာလဲ? "

" ရှောင်းကျန့်ကိုဘယ်ကဝယ်လာတာလဲ? "

"ယူနန်နယ်စပ်.. "

ယူနန်ဆိုတဲ့ စကားကြောင့် ဝမ်ပါးရော ဝူချန်ပါမျက်ခုံးတွေတွန့်ကျိုးကုန်တယ်..၊ ဒါလိုဆို ရှောင်းကျန့်ကမီးပွားတစ်စ မဟုတ်ပေဘူးလား? Ray ပြောသွားတဲ့ကိစ္စများနှင့် ဆက်စပ်ကြည့်လျှင် ဇာတ်လမ်းအနည်းအကျဥ်းတော့ သိလိုက်ရပြီ..။

ထို့ကြောင့် ဝမ်ပါးမှာခပ်ပြတ်ပြတ်ပင်..

" သူ့ကိုပြန်လွှတ်လိုက် ရိပေါ် ၊ သူ့နောက်ကြောင်းက ထင်သလောက်မရိုးရှင်းဘူး သားတစ်ခုခုဖြစ်သွားမှာ ပါးစိုးရိမ်တယ်..နောက်ပြီး Ray ပုံစံကလဲ ရှောင်းကျန့်ကိုမရရအောင်ပြန်ခေါ်သွားမယ့်ပုံပဲ..မလိုလားပဲအကြောင်းအရာတွေ ရှုပ်ထွေးကုန်မှာစိုးတယ်.."

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now