Chapter (8) 🔞

7.2K 493 32
                                    

သခင် 🔥
-----------

ညနေစောင်းချိန် အနောက်ဘက် ဝရန်တာတွင်ဖြစ်သည်..။

"အို..."

စားပွဲပေါ်က ဓာတ်ပုံတစ်ထပ်ကိုကြည့်ပြီး ရီပေါ်နှုတ်ခမ်းက ထော်သွားကာ အို ဟုအသံထွက်၏..။ ပြီးမှ..

"မင်း က ဒီပုံတွေပြပြီးဘာကိုဆိုလိုချင်တာလဲ? "

"ဒါက ခုတလော ဝူချန်နဲ့ အနေနီးတဲ့လူတွေပါ သူကအနေအထိုင်ပိရိတော့ ဘယ်သူကသူလက်ထပ်ရမယ့်သူလဲ ဆိုတာဝေခွဲရခက်တယ်.."

ပုံထဲက အရွယ်အစားစုံလင်သော မိန်းကလေးပုံများကိုကြည့်ပြီး ရိပေါ်ကနှာခေါင်းရှုံ့ကာ..ရှောင်းကျန့်ကို ကြည့်လိုက်တယ်..။ဒဏ်ရာတွေပျောက်ကင်းနေပြီဖြစ်ပေမယ့် နှုတ်ခမ်းထောင့်နဲ့ နားထင်မှာ ပလာစတာနှစ်ခုကမူ သံယောဇဥ်ကြီးကြီးနဲ့ဖက်တွယ်လို့..

"သခင်..ဘာဖြစ်လို့လဲ? "

"ဘာ့မှမဖြစ်ဘူး စောက်သုံးမကျတဲ့မင်းကိုကြည့်နေတာလေ..အဟက်.. စုံစမ်းတာ တစ်ပတ်ကျော်နေပြီ..၊ တိတိကျကျအဖြေမရပဲ ခုလိုဓာတ်ပုံတစ်ထပ်ကြီး ရိုက်တာကတော့ ငါလဲလုပ်တတ်တာပေါ့..ပိန်းဥကောင်ရ.."

" နောက် 3 ရက်ပဲအချိန်ပေးပါ.."

"ကောင်းပြီ 3 ရက်ဆိုလဲ 3 ရက်ပေါ့..သွားတော့ ဒီမှာလေကောင်းလေသန့် ရှူနေတယ် မင်းကြောင့်အာရုံမရဘူး.."

ကုလားထိုင်ပေါ်မှာ ခပ်လျောလျောမှီထိုင်ရင်း မျက်ဝန်းအစုံကကောင်းကင်ပြာကြီးကိုသာ ငေးမောနေမိတယ်..၊ သို့ပေမဲ့ ေဘးမှာမလှုပ်မယှက် ရပ်နေသူကြောင့်..

"ဘာလို့ မသွားသေးတာလဲ အသုံးစရိတ်ထပ်လိုသေးလို့လား? မင်းကို ငါ့ Black ကတ်ပေးထားတယ်လေ.."

" ဒီအတိုင်းသိချင်တာလေး ရှိလို့ပါ.."

"မေး.."

" ဝူချန်ချစ်တဲ့သူကို ကျွန်တော်သတ်လိုက်ပြီးရင် သခင်ကဘာဆက်လုပ်မှာလဲ? "

"ဘာဆက်လုပ်ရမှာလဲ ကောကို ငါ့ဆီလာအောင်လုပ်ရမှာပေါ့..မင်းသိလား *Attachment is the mother of Love *ဆိုတဲ့စကားစုရဲ့ အဓိပ္ပါယ်ကို.."

ထိုစကားအဆုံးမှာ ရှောင်းကျန့်အဆုတ်ထဲ လေတွေကသောင်းကနင်း ဝင်သွားကာ ရိပေါ်အား ပြူးကြည့်မိသွားတယ်..။ ဒါက သူ့ကို Yeti ပြောနေကျစကားတစ်ခွန်းမဟုတ်လား?ဒါပေမဲ့ ကိုယ့်အတွက် ဒီစကားစုဟာ မမှန်ကန်ပေဘူး..။

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now