Chapter (13)

4.9K 479 35
                                    

သခင် 🔥
______

ဧည့်ခန်းထဲမှာလူစုံနေသည်..။ ဝမ်ပါးရော ဝူချန်ပါ အလောတကြီးနဲ့ရောက်ချလာတာမို့ ရိပေါ်တောင်နည်းနည်း အံသြမိသွားတယ်..၊လတ်စသတ်တော့ ခြံစောင့်ကြီးက ပါးပါးလူကို..

အားလုံးက အတွေးကိုယ်စီနဲ့ တိတ်ဆတ်နေသလောက်..Ray ကတော့ ဒီအိမ်ကြီးထဲတွင် တစ်စက္ကန့်မှနေချင်ပုံမရပဲ..ခပ်လောလောပင်..ဝမ်ပါးကိုကြည့်ကာ..

" Uncle က ဝမ်ရိပေါ့်အဖေထင်တယ်..၊ဒါဆို ရှင်းရှင်းဘဲပြောတော့မယ်ဗျာ..Light က ကျွန်တော့်ချစ်သူ..နိုင်ငံခြားမှာကျောင်းသွားတတ်နေတုန်း Daddy က ရောင်းစားလိုက်တာ..၊ ဝယ်ရင်းစျေးထက် 5 ဆ ပိုပေးပြီးသူ့ကိုပြန်ဝယ်ချင်တယ် ဘယ်လိုလဲ Ok လား?"

အသက်မရှူပဲ ပြောသွားတာက အထစ်အငေါ့မရှိ..။ရှောင်းကျန့်ဆီမှ တားဆီးသံသဲ့သဲ့က ခပ်တိုးတိုးပင်ထွက်လာသည်..။

"Yeti တော်ပါတော့ကွာ ၊ မင်းအဖေက ငါ့ကိုမလိုချင်လို့ စွန့်ပစ်လိုက်တာပဲ အပင်ပန်းခံမနေပါနဲ့တော့.."

"သူမလိုချင်လဲ..ငါမင်းကိုလိုချင်တယ်လေ.."

ဝမ်ပါး ကတော့ သားဖြစ်သူကိုစောင်းကြည့်လာသော်လည်း ဝူချန်မှာတော့ ပိုင်းလုံးကောင်မှာလဲ ဒီလိုဇာတ်လမ်းတွေ ရှိနေလို့ မယုံကြည်နိုင်သလိုတောင်ဖြစ်သွားမိတယ်..။

ွရိပေါ်ကတော့ ဟက်ခနဲရယ်ကာ..

" အပေါစားပြဇာတ်တွေပဲ.. မင်းဝယ်မယ်ဆိုတိုင်း ငါကပြန်ပေးရမှာလား? ရှောင်းကျန့်မှာချစ်သူ မ ကလို့ အိမ်ထောင်ပဲရှိနေပါစေ..၊ ခုချိန်မှာ သူက ငါပိုင်တယ့်သူ ဟုတ်တယ်မလား ရှောင်းကျန့်.."

အဆုံးသတ်စကားကို သူ့ဘေးမှာ ရပ်နေသော ရှောင်းကျန့်ကိုကြည့်ပြီးမေးလိုက်တော့..ထိုသူဟာဖြေရခက်နေပုံနှင့် Ray ကိုကြည့်လိုက် ၊ သူ့ကိုကြည့်လိုက်လုပ်နေသည်..။ ပြီးမှ..

"ဟုတ်တယ်...ခုချိန်မှာ ဝမ်ရိပေါ်က ငါ့ရဲ့သခင်အသစ်ဖြစ်နေပြီ Yeti "

မထင်မှတ်ထားတယ့် စကားစုကြောင့် Ray မျက်နှာက ရုတ်တရတ်မဲမှောင်သွားပြီး မယုံကြည်သလိုနှင့် ရှောင်းကျန့်ကိုကြည့်သည်..။ ရင်ဝ ကို ဆောင့်ကန်ခံရတယ်ဆိုတာ ဒီလို Feeling မျိုးတဲ့လား?

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now