Chapter (24)

5.1K 440 25
                                    

သခင်🔥
_________

မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ နာကျင်မှုတစ်စွန်းတစ်စပါ လိုက်ပါလာတာကြောင့် အနည်းငယ်ညည်းညူလိုက်မိသည်..။

"အ..! "

ပိုးသတ်ဆေးရနံ့နဲ့ မှိန်ဖျော့ဖျော့အခန်းမီးရောင် က သူ့ရင်ကိုပရမ်းပတာခုန်စေသည်..။ ဆေးရုံ..ဒါကဆေးရုံပဲ..

"ကျန့်...ကျန့် ဘယ်မှာလဲ..? "

"တိတိ..တိတိလေးသတိရလာပြီ..Daddy ေရ တိတိသတိရလာပြီလို့.."

တစ်ကြော်ကြော်အော်ကာ အခန်းထဲက ပြေးထွက်သွားသော ဝူချန်ကော..။ ရိပေါ်မှာ အိပ်ရာပေါ်က ကုန်းထလိုက်သော်လည်း ကျောရိုးတစ်လျှောက် တစ်ဆစ်ဆစ်နာကျင်မှုကြောင့် ဗုန်းခနဲပြန်လဲကျသွားသည်..။

မျက်ဝန်းထောင့်မှာ မျက်ရည်စတို့က ယီးလေးခိုနေပြီး ခိုကိုးရာမဲ့စွာနှင့်တစ်ချက်ရှိုက်မိတယ်..။ မကြာဘူး အခန်းထဲကသောင်းကနင်း ဝင်လာသော ပါးးနဲ့ဝူချန်ကော..၊ သူတို့နောက်မှာ ဆရာဝန်နဲ့ Nurse မ နှစ်ယောက်ပါ ကပ်ပါလာသည်..။

"ရိပေါ် သတိရပြီ..Dr သားအခြေအနေကို ကြည့်ပေးပါဦး.."

သူ့ခန္ဓာကိုယ်ကို စိတ်ကြိုက်စမ်းသပ်နေသော ဆရာဝန်တွေကို ဥပေက္ခာပြုရင်း သူမေးခွန်းထုတ်မိတယ်..။

"ကျန့်..ဘယ်မှာလဲ? သူ___သူ ဘာ့မှမဖြစ်ဘူးမလား? ကျွန်တော့်ကို_____ပြော...အား.."

ခေါင်းထဲ စူးခနဲဖြစ်ကာ ခန္ဓာကိုယ်ကရုတ်တရတ်လေးလံလာခဲ့သည်..။ ဝူချန်ကောက သူ့ကိုတစ်ခုခုပြောလိုက်တာကို သိလိုက်ပေမဲ့ ဆုံးခ​န်း တိုင်အောင်မကြားလိုက်ရပေ..။

ကော..ကျွန်တော့်ကိုပြောပါ..
ကျန့် မသေဘူး မလား?

*****

3...နှစ်ခန့်ကြာပြီးနောက် ___

မျက်နှာမူရာအရပ်သည် ပင်လယ်ပြင်ကြီးဖြစ်နေကာ ကောင်းကင်ပြာကြီးနှင့် ထိစပ်သယောင်ထင်ရသော အလှတရားတို့နှင့်ခြံရံလျက်..။ လူရွယ်တစ်ယောက်က ကမ်းစပ်တွင်မတ်တပ်ရပ်နေပြီး သူ့လက်တွင်လည်း ခန့်မှန်းရခက်သော ပန်းစည်းအချို့ကို ကိုင်ဆောင်လို့ထားသည်..။

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now