Chapter (3) Zawgyi

1.9K 165 3
                                    

သခင်
----------

"ရှောင်းကျန့်..မင်း ငါ့အကြောင်းတွေမသိချင်ဘူးလား? "

"ကျွန်တော့်မှာ မေးခွင့်မရှိဘူးထင်တယ်.."

"ကောင်းတယ် မင်းကကျင့်ဝတ်တွေကိုနားလည်သားပဲ.."

ရေချိုးပေးပြီးတော့ ခုတော့အဝတ်အစားဝတ်ပေးနေတာမို့ သူတို့နှစ်ယောက်က အတော်ကလေးကိုနီးကပ်နေသည်..။ ရှောင်းကျန့်မှာ နောက်ဆုံးတော့မျက်နှာသေနှင့်..

"ရပြီ နောက်ထပ်ဘာလုပ်ပေးရဦးမလဲ? "

ရီပေါ်က ဘာကိုသဘောကျမှန်းမသိတဟက်ဟက်ရယ်ရင်း ရှောင်းကျန့်ခြေဖမိုးပေါ် ခြေဖျားထောက်လိုက်ပြီး အရပ်ချင်းတူအောင်အရင်ညှိလိုက်သည်..။ ထို့နောက် ညှိုအားပြင်းတယ့် မျက်ဝန်းနက်နက်တွေကိုသာ စိုက်ကြည့်နေမိတယ်..။ ဒီမျက်ဝန်းတွေကြောင့် သူ့ကိုဝယ်လာခဲ့တာလေ..။ နောက်ပြီး နှုတ်ခမ်းအောက်က မှဲ့နက်လေးကြောင့်..

ရှောင်းကျန့်မှာတော့ သူ့မျက်နှာနဲ့ အတော်ကလေးနီးကပ်လာသော ကောင်လေးကြောင့်..

"သခင် က နမ်းချင်တာလား? "

" အဟက်..မင်းလိုကောင်က ခုလိုပြောရဲတယ်ပေါ့..၊ ငါ့ရဲ့ First Kiss ကို မင်းရဲ့ညစ်ညမ်းတဲ့နှုတ်ခမ်းတွေနဲ့ ထိစေချင်တာလား? အတင့်ရဲလိုက်တာ.."

မျက်တောင်မခတ်တမ်းပြောသွားသော.စကားလုံးတိုင်းကအမှန်တွေချည်း..၊ ကြားဖူနားဝစကားပေမယ့် ဒီတစ်ခါမှရင်ထဲလှိုက်တတ်ကာ ဝမ်းနည်းလို့လာတယ်..။

ညစ်ညမ်းတယ့် နှုတ်ခမ်းတွေ..
အင်း..သိပ်ကိုမှန်တာပေါ့..
ဒီနှုတ်ခမ်းတွေနဲ့ လူများစွာဆီက အော်ညည်းသံတွေထွက်လာအောင် ပြုစုခဲ့ဖူးတယ်..၊ မရေတွက်နိုင်အောင်ပဲမို့ ညစ်ညမ်းတာထက်ပိုပါတယ် သခင်..။

" ဘာလဲ ဝမ်းနည်းတာလား? မျက်ရည်တွေဝဲလို့ပါလား? "

ေရှာင်းကျန့်မှာ ပြာပြာသလဲခေါင်းခါလိုက်ပြီး..

"အဲ့ဒါကြောင့်မဟုတ်ပါဘူး ကျွန်တော်ခြေဖျားပေါ် သခင်ကရပ်နေတာလေ..မနာပဲနေပါ့မလား? "

"Oh! Sorry.."

နီစွေစွေဖြစ်နေသော ခြေဖမိုးနှစ်ဖက်ကိုကြည့်ပြီး ရီပေါ်တွေးမိတာက..ဒီကောင်က သောက်ရမ်းကို ယောကျာ်းပီသတယ်ဆိုတာပဲ..။ ဒါပေမယ့် တစ်ချိန်က အများပိုင်ပစ္စည်းဖြစ်ခဲ့တာမို့ နှာခေါင်းသာရှုံ့လိုက်မိတယ်..။

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now