Chapter (11) Zawgyi

1.4K 136 2
                                    

သခင် 🔥
----------

ကျွန်တော့် အသက် ၁၄ နှစ်..
နွရောသီရဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာ ဝူချန် ဆိုတဲ့လူရွယ်တစ်ယောက်ဟာ နှလုံးသားထဲ တံခါးမခေါက် အသံမပေးဘဲ ဝင်ရောက်လာခဲ့တယ်..။

"ပါးး ဒီကောက ဘယ်သူလဲ? "

"ဪ...ပါးထောက်ပံ့ပေးနေတဲ့ မိဘမဲ့ကျောင်းက ကောင်လေးပဲ..နာမည်က ဝူချန်တဲ့..သားကိုစာသင်ဖို့အတွက် ခေါ်လာတာလေ..နောက်ပြီး သားအတွက်အစ်ကိုတစ်ယောက်ရတာပေါ့ ဝူချန်က ဒီအိမ်မှာနေလိမ့်မယ်.."

အဲ့ဒီတုန်းက ကလေးအတွေးနဲ့ ရိုးရှင်းစွာပဲ တွေးခဲ့တယ်..။ ဪ..အစ်ကိုတစ်ယောက်ရပြီပဲ ပျော်စရာကောင်းလိုက်တာလို့..

"..နိဟောင်..ဝူချန်ကော ကျွန်တော်က ဝမ်ရီပေါ်ပါ.."

အပြုံးလေးနဲ့ ခေါင်းညိမ့်ပြလာသော ထိုလူသားက ချစ်စဖွယ်ပင်..။ ကြည်တောက်တောက်မျက်ဝန်းများနှင့် မျက်အိမ်ကျယ်တို့က အပြုံးတို့ကိုပို၍ အရောင်တောက်စေသည်..။ နှုတ်ခမ်းအောက်က မှဲ့နီလေးက စစတွေ့တုန်းကဆို တတ်တူးထိုးပြီး ပုံဖော်ထားတယ်လို့ထင်ခဲ့တာ..။ နောက်ပိုင်းသိလိုက်ရတာ တကယ့် အစစ်တဲ့လေ..။

နှလုံးရောဂါရှိတဲ့ မားက ကိုယ့်ကိုမွေးပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေးက ပိုဆိုးလာပြီး..နောက်ဆုံးတော့ ၅ နှစ်အရွယ် လူမမယ်ကလေးလေးကို ဖခင်လက်ထဲ၌ စိတ်ချလက်ချပင်ထားရစ်ခဲ့သည်..။

ကလေးငယ်တစ်ယောက် ငိုယိုနေခြင်းကို လူကြီးတွေက ကျောကိုပုတ်ပြီး ချော့မြူလိမ့်မည်..။ တစ်ချို့ကမူ မငိုနဲ့တော့ ကလေးမှာ အဖေတစ်ယောက်လုံးရှိသေးတာပဲလို့ နားချလိမ့်မည်..။ ဒါပေမယ့်..ဆုံးရှုံးသွားသည်က ကိုယ့်ကိုနားအလည်ဆုံးသောသူ..မဟုတ်လား?

ထိုအချိန်မှစ၍ လူတစ်ယောက်ကိုချစ်ရမှာ ရီပေါ်ကြောက်လာကာ တော်ရုံလူကို သံယောဇဉ်မထားတော့..။ ခွဲခွာခြင်းရဲ့ သဘောတရားကို သူ မခံစားနိုင်ပေ..။

သို့ပေမယ့်..တစ်ယောက်သောသူရဲ့ အပြုံးချိုချိုနှင့် အပြောညက်ညက်တို့ကို ရူးမိုက်စွာနဲ့ သူတွယ်တာမိခဲ့သည်..။ အသက်တစ်နှစ်ကြီးလာတိုင်း ဝူချန် ဆိုတယ့်လူသားဆီမှာ ပျော်ဝင်မှန်းမသိ ပျော်ဝင်လာခဲ့တယ်..။ နောက်မှသိလိုက်ရတာက..ထိုအရာဟာ နွအေိပ်မက်ရှည်ကြီးတစ်ခုဖြစ်နေမှန်း..

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now