Chapter (20)

5.4K 411 26
                                    

သခင်🔥
-----------

" Uncle က ခု​ပြောပြတဲ့ ကိစ္စတွေကို လျှို့ဝှက်ထားစေချင်တာလား? "

"လောလောဆယ်တော့ လျှို့ဝှက်ထားရမယ်..၊ ရိပေါ့်အတွက် အဆင်သင့်ဖြစ်တယ့် အချိန်ရောက်မှပဲ မောင်ရင်က ပြောပြလိုက်ပါ.."

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာ ဝူချန် က ပါဝင်စွက်ဖက်ခြင်းမရှိပဲ ငြိမ်ငြိမ်လေးသာထိုင်နေတယ်..။

" Kid အတွက်အရမ်းနာကျင်ရမှာပဲ..ကျွန်တော်ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး "

မိမိဘဝက ဆိုးရွားခဲ့သလို Kid ဘဝကလည်းသူ့လောက်နီးနီး ဆိုးဝါးခဲ့သည်မဟုတ်လား?

၉ နှစ်လုံးချစ်ခဲ့တယ့်သူ ဖခင်ရဲ့ချစ်သူဖြစ်နေခဲ့သည်..။ ခုတော့ အဖေအရင်းမဟုတ်တယ့်အပြင် ထိုသူတို့ချစ်သူနှစ်ယောက် အတူမနေနိုင်တာက Kid ကြောင့်ပဲဖြစ်နေသလို..။ နောက်ပြီး သူ့ဘဝထဲကိုကျွန်တော် ဆိုင်းမဆင့်ဗုံမဆင့် ဝင်ရောက်လာပြီး Yeti နဲ့ပတ်သတ်ကာ စိတ်သောကများကိုပေးခဲ့သေးသည်..။

Kid ရယ် ဟု သာ ရှောင်းကျန့်မှာ ခပ်ဖွဖွပဲ ညည်းညူမိ​ေတာ့တယ်..။ နောက်ဆုံးတော့ ဝမ်ကျင်းလုံကိုခေါင်းညိမ့်ပြရင်း..

"ကျွန်တော် Kid ကိုစောင့်ရှောက်မှာပါ "

"ငါကတော့ မင်းကို ပိုင်းလုံးကောင်လို့မြင်နေတုန်းပဲ..၊ တိတိ က မင်းအတွက်စုံလုံးကန်းနေရင်တောင် ငါ့ကမင်းကို ဆက်ပြီးစောင့်ကြည့်နေဦးမှာ ဒီကြားထဲ Ray နဲ့ဆက်သွယ်ရင် ငါ့ကိုအဆိုးမဆိုးနဲ့.."

ဝူချန် က ထိုသို့ ဝင်ပြောတော့ ဝမ်ကျင်းလုံက တားသည်.. ။ သို့ပေမဲ့ ရှောင်းကျန့်က ဟက်ခနဲရယ်ချလိုက်ပြီး..

"စောင့်ကြည့်နေပါ ခင်ဗျားအမြင်ကိုဂရုစိုက်လို့တော့မဟုတ်ဘူး..၊ ကျွန်တော်က Kid ကိုချစ်လို့ ပျော်အောင်ထားပေးမှာ..၊ Yeti နဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုပါဘူး ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဦး.."

လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ကလေးတစ်ယောက်လို ဝါးးခနဲအော်ငိုသံက တံခါးထောင့်က ထွက်ကျလို့လာတယ်..။ Kid က ဘယ်အချိန်ကများ အိမ်ထဲပြန်ဝင်လာတာလဲ?

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now