Chapter (9) Zawgyi

1.4K 134 7
                                    

သခင်🔥
---------

" Boss...!! သခင်လေး..သခင်လေးက.."

ဖဲချပ်တွေကို စားပွဲပေါ်ပစ်ချရင်း သောမတ် ထိုင်နေရာမှထရပ်ကာ..Ray အခန်းဆီသို့ပြေးရပြန်သည်..။ ပြသာနာတွေတစ်ခုပြီးတစ်ခု ရှာနေကာ..ခုလဲဘာဖြစ်ပြန်ပြီလဲမသိ..။

အခန်းဝ မှာ ဖရိုဖရဲလဲကျနေသော သက်တော်စောင့်များကို တွေ့ရပြီး Ray က ပြတင်းပေါက်ကိုမှီကာ အေးအေးလူလူပင်စီးကရက် တစ်လိပ်ကိုဖွာနေသည်..။ သူ့ကြည့်ရတာ ဖခင်ဖြစ်သူကိုစောင့်စားနေသည့်ဟန်..

"Ray! ဘာဖြစ်ရပြန်တာတုန်း.."

စီးကရက်လက်ကျန်ကို Shoe ထိပ်နဲ့ဖိချေလိုက်ပြီးမှ..Ray မှာဖခင်ဖြစ်သူကိုစူးစိုက်ကြည့်သည်..။ မီးရောင်ဖျော့ဖျော့အောက်မှာ ကြည်ပြာရောင်မျက်ဝန်းများက တစ်ဖျတ်ဖျတ်လက်လို့..

"ဘာဖြစ်ရမှာလဲ? ကျွန်တော့်ရဲ့ အရည်အချင်းကိုထုတ်ပြလိုက်တာလေ..ဒီလိုBodyguard လောက်နဲ့ Ray ကိုထိန်းလို့ရမယ်ထင်နေလား? ထွက်မပြေးချင်လို့ ငြိမ်နေတာ.."

" ခုတော့ထွက်ပြေးချင်လို့ ဆန္ဒပြနေတာလား? ဒါဆိုဆက်ပြနေလိုက်.. Light ကိုပြန်ခေါ်ဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး.."

အကြမ်းနည်းနဲ့ဖခင်ကို စည်းရုံး၍မရတော့ Ray မှာအနုနည်းပြောင်းကာ..

" ကျွန်တော်က Daddy သားပါ.."

"A ငါ့သားမို့လို့ မင်းကိုခုလိုလုပ်နေရတာပေါ့..မင်းနေတဲ့နေရာမှာ ဥပဒေဆိုတာမရှိဘူး လူ့အသက်ဆိုတာ ကစားစရာတစ်ခုသာသာပဲ..၊ ဒါကြောင့်မင်း သန်မာနေမှရမယ် Ray.."

"ကျွန်တော် သန်မာနေတာပဲ.."

"ဘာကို သန်မာတာလဲ? Light လောက်တောင်အဖြစ်မရှိတဲ့ကောင် "

ဖြူဖျော့ဖျော့မျက်နှာလေးက အနည်းငယ်ရဲတတ်သွားသော်လည်း..Ray မှာတဟက်ဟက်ရယ်သွမ်းရင်း..

"ဒါကြောင့် Light ကိုအမြင်မကြည့်တာလား? ဒါကြောင့် Light ဘဝပျက်အောင်လုပ်နေတာလား? "

တုံ့ပြန်သံမကြားရတာမို့ သူ့စကားတွေဟာမှန်ကန်နေမှန်း Ray သဘောပေါက်လိုက်တယ်..။

" ဟုတ်တယ် ကျွန်တော်က မသန်မာဘူး၊ ဒါကြောင့် သန်မာတယ့် Light ကိုအားကိုးချင်တယ်.."

သခင်...🔥[[ COMPLETED ]]✔Onde histórias criam vida. Descubra agora