Chapter (22)

4.7K 433 28
                                    

သခင် 🔥
-------------

"Light... "

နှစ်ယောက်အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပွတ်သပ်ရင်း Ray ပြုံးလိုက်မိတယ်..။ ဒီပုံလေးကို ပုံတူကူထားတာမို့ နှစ်ယောက်စလုံးအခန်းတွင်ရှိနေတာမဆန်း..။

သာမန်ရိုးရှင်းသော အခန်းအပြင်အဆင်နှင်​့ ဟောင်းနွမ်းနေသော အဝတ်အစားအချို့က သူ့ရင်ဘတ်ကိုနာကျင်စေသည်..။

Dad ကို ဒေါသထွက်ပေမယ့် သူဘာ့မှပြန်မလုပ်နိုင်ပေ..။ တစ်ယောက်အိပ်ကုတင်လေးပေါ် တင်ပါးလွှဲထိုင်ပြီး ဂျပန်မသွားခင် နေ့ရက်များကို ပြန်တမ်းတမိသည်..။

ဒီကုတင်သေးသေးလေးမှာ နှစ်ယောက်ထပ်၍ အိပ်စက်ခဲ့ကြသည်..။ ေမှာင်မှောင်မဲမဲ ကောင်ကင်ကြီးကိုကြည့်ပြီး ကြယ်တွေရေတွက်ဖူးသည်..။

မိုးရွာတဲ့ညတွေဆို Light အခန်းကို ခိုးလာပြီး တုန်ယင်နေသော ထိုလူသားက သူချောမြူပေးဖူးသည်..။ ဘယ်လိုလုပ်မေ့နိုင်မှာတဲ့လဲ? ဘယ်လိုလုပ်ပြီးတော့များ Light ကိုမေ့လိုရမှာတဲ့လဲ?

ပေကျင်း က ပြန်လာပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ် ပိုသိလာတယ်..။ Light ကို ဆုံးရှုံးမခံနိုင်မှန်း..၊ ဒါကြောင့် Dad ကို အပေးအယူလုပ်ပြီး Light ကိုပြန်ခေါ်ဖို့အရေး အစီအစဥ်ဆွဲမိတယ်..။

သို့ပေမဲ့ သူသိလိုက်ရတာက ကြောက်မတ်ဖွယ်ရာ သတင်းတစ်ခု..

"Ray ကို စောင့်ကြည့်ထား Light ကို ဆက်သွယ်တာနဲ့ လုပ်ငန်းစလို့ရပြီ.."

" Light ကို သတ်ခိုင်းနေတာလား? "

"ဟုတ်တယ် အချစ်မှာပျော်ဝင်နေတယ့်ကောင်ကို စပ်စပ်လေးဖြစ်သွားအောင်လို့ ဥပမာပြရမယ်..ချစ်တော့ချစ်ပါ ငါအပြစ်မဆိုဘူး သူက ကိုးကွယ်နေတာ ၊ 8 နှစ်လောက် ခွဲထားတာတောင် ရောဂါက ပိုရင့်လာတာ အရူးလိုပဲ ၊ My son ကမ္ဘာမှာ Light မရှိမှအေးချမ်းသွားမှာ.."

" သခင်လေး နဲ့ ပတ်သတ်လာတယ့် သူတိုင်းကိုသတ်ပစ်ရမှာလား? "

သော့မတ်စ် က တစ်ဝါးဝါးရယ်ကာ..စကားကိုဆက်သည်..။

"အစကတော့ မင်းတို့သခင်လေးကို အစွန်းအထင်းမရှိပဲ ကြီးပြင်းအောင်ထိန်းကျောင်းနေတာပဲ ၊ ဒါပေမယ်​့ သိတယ့်အတိုင်း Light က Ray ဘဝကို ဖျက်ဆီးသွားတယ်လေ.."

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now