Part 14

1K 144 13
                                    

Taehyung တစ်ယောက် စားသောက်ဆိုင် ထဲက Hoseok နဲ့ ဂီဂျွန်း တို့ ရယ်မောနေစကားပြောနေတာမြင်တော့ အတော်လေးဒေါသထွက်သွားသည်

"Jung Hoseok! !!!!!!!"

"ဟာ.. Tae ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ထိုင်အုံးလေ "

" မထိုင်ပါဘူး ဒီလောက်ကြီး အနေအထိုင် ဂရုစိုက်ပါလို့ ဆရာဝန် ကမှာထားတာကို အပြင်ထွက်ပြီး အပျော်ရှာနေတယ်ပေါ့ ဟုတ်လား "

"Tae ဒါက Hyung သူငယ်ချင်းလေ ဘယ်လိုပြောလိုက်တာလဲ "

"Hoseok ငါတောင်းပန်ပါတယ်... ငါကြောင့်"

"မဟုတ်တာ ဂီဂျွန်းရာ မင်းနဲ့ဘာမမဆိုင်ပါဘူး သူကိုကငါ့ကိုအမြဲချုပ်ချယ်နေတာ "

"ဟုတ်တယ် ချုပ်ချယ်တယ် အဲဒါ ခင်ဗျားကိုအရမ်းချစ်လို့ ပြီးတော့ အိမ်ထောင်သည် မှန်းသိရက်နဲ့ လိုက်ကြောင်နေတဲ့သူတေကြောင့် သိပြီလား...လာ..အခုချက်ချင်းအိမ်ပြန်မယ် "

Taehyung ဆွဲခေါ်ရာနောက်သို့ Hoseok တစ်ယောက် ပါသွားလေသည်

"သား...ဘာတေဖြစ်လာကြတာလဲ "

"ဘာမမဖြစ်ဘူး omma သားတို့နားတော့မယ် "

" အေးအေး..ပြသာနာတစ်ခုကိုအေးအေးဆေးဆေး ဖြေရှင်းနော် သား "

ရင်ထဲကပါတယ်လွန်းလို့တော့ မထင်ပါနဲ့ အခုလိုတေဖြစ်လာဖို့ အချိန်တေအများကြီးစောင့်ရမယ် ထင်နေခဲ့တာ Jung Hoseok ရယ် စိတ်မကောင်းလိုက်တာ

" Hyung ဘယ်လိုလုပ်ပြီး ပျော်နေနိုင်ရတာလဲ ကျွန်တော် မဟုတ်တဲ့ တစ်ခြားသူတစ်ယောက်နဲ့ "

"Tae သူက Hyung သူငယ်ချင်းလေ ပြီးတော့ Hyung တို့ငယ်ငယ်လေးကခင်လာခဲ့ကြတာ ပြီးတော့ သူက Hyung ကိုတွေ့ဖို့ ဟိုအဝေးကြီးကလာခဲ့တာ Hyung က မသိချင်ယောင်ဆောင်ပြီး နေပေးရမှာလား "

" ဟုတ်တယ် Hyung အပြုံးတေကို ကျွန်တော် ကလွဲပြီး ဘယ်သူမ ထိတွေ့ခွင့်မရှိဘူး ကျွန်တော့်အပိုင်လို့သတ်မှတ်ထားတဲ့အရာကို ဘယ်သူမထိခွင့်မရှိဘူး "

"Tae မင်းအရမ်းအတ္တကြီးတာပဲ သူနဲ့တကယ်သူငယ်ချင်းပါ ပြီးတော့ Namjoon တို့လိုပဲ အရမ်းခင်လို့ မုန့်လိုက်ကျွေးတာလေ ဘာလို့အဲ့လောက်တောင် ဒေါသတေကြီးနေတာလဲ "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now