ကျွန်တော် Tae တို့အခန်းရှေ့ကနေ ပြေးထွက်လာပြီးဆေးရုံအပြင်ဘက်က ထိုင်ခုံလေးပေါ်မှာ
လက်နှစ်ဖက်ကို မျက်နှာမှာအုပ်ပြီးငိုချလိုက်သည်
ကျွန်တော်တကပင်ပန်းနေပြီ အရမ်းကိုမွန်းကြပ်လွန်းတယ် စိတ်ထွက်ပေါက်မရှိအောင်ထိကိုပေါ့ကျွန်တော့်ဘဝမှာလေ omma ဆုံးပြီးသွားကတည်း ပျောက်ဆုံးသွားခဲ့တဲ့ ပျော်ရွှင်ခြင်းတေ အပြုံးတေက
တက္ကသိုလ်ဒုတိယနှစ်ရောက်တော့ ကိုယ့်ထက်နှစ်နှစ်ငယ်တဲ့ ကောင်လေးကြောင့် ပြန်လည်ရှင်သန်လာခဲ့တာ" ကျွန်တော့်ဘဝမှာ hyung မရှိလို့ မဖြစ်ဘူး"
ဆိုတဲ့စကားလုံးလေးနဲ့ ကျွန်တော့်နှလုံးသားတစ်ခုလုံးကိုသိမ်းပိုက်ခဲ့တာ...အဲဒီကောင်လေးချစ်သူဖြစ်ရတာလေ ကျွန်တော့်အရမ်းကံကောင်းခဲ့တာပဲ ဘယ်အရာနဲ့မနှိုင်းယှည်လို့မရအောင်ကို ကျွန်တော့်ကိုချစ်ပေးခဲ့တာ သူ့မိဘနဲ့ယှည်ရင်တောင် ကျွန်တော့်ကိုပဲရွေးချယ်ပြီး အေးအတူပူအမျှ အတူတူနေခဲ့ကြတာ
နောက်တော့ ကျွန်တော်တို့ဘယ်အရာတေကစပြီးမှားခဲ့လည်းဆိုတာ မသိတော့ပါဘူး ကံကြမ္မာစေရာအတိုင်း
သူနဲ့ကျွန်တော်နှစ်တေအကြာကြီးဝေးခဲ့ရတယ်
မထင်ပဲနှစ်ယောက်လုံးပြန်တွေ့ကျတော့လည်း
ကောင်းသောတွေ့ခြင်းမဟုတ်ခဲ့ပါဘူး
အမုန်းတေ အတ္တတေ မာနတေ ရက်စက်ခြင်းတေနဲ့
ဖန်းဆင်းပေးလိုက်တာပဲ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာကလေးသေးသေးတောင်
မကျန်တော့ဘူး....တကယ်တော့ကျွန်တော်နဲ့ Tae က ဘယ်တော့မဆုံနိုင်တော့တဲ့ ပြိုင်မျည်းနှစ်ကြောင်းပါ.....
" Hoba...ရာ ရှာလိုက်ရတာကွာ မင်းအဆင်ပြေရဲ့လား "
" အင်း...ငါအဆင်ပြေပါတယ် ဘာမမဖြစ်ပါဘူး"
" တကယ်အဆင်ပြေတာ သေချာလို့လား hoseok ရယ် ခုနကြားခဲ့ရတဲ့ စကားတေအရဆိုရင် Taehyung အရမ်းလွန်တယ် သူ့ အမေစကား
တစ်ခွန်းထဲကိုကိုးကွယ်ပြီးယုံနေတာ မင်းဘက်ကို
နည်းနည်းလေးတောင်တွေးမပေးဘူး ငါတကယ်သူ့ကိုစိတ်ပျက်တယ် hoseok ရာ""ကျွန်တော့်ကံပေါ့ hyung ရာ ဒီထက်ပိုပြီး ဘာလုပ်နိုင်အုံးမို့လို့လဲ Tae က ကျွန်တော့်ကို အစကတည်း
လက်မထပ်ချင်ဘူးလေ အဘိုးဆန္ဒအတိုင်း လက်ခံပေးခဲ့ရုံပဲလေ အခုအဘိုးကအခုအလိုအခြေအနေမျိုးဆိုတော့ ဘယ်တတ်နိုင်ပမလဲ