Part- 4

1.3K 171 63
                                    

  Namjoonလည်းHobiကို ခေါ်ဖို့ Hobiရှိရာ
  စားသောက်ဆိုင်လေးဆီကိုရောက်လာခဲ့တယ်

"အန်တီ Hobiကိုသူငယ်ချင်းရောက်နေပြီလို့ပြောပေးပါအုံး"

"အော် အေးအေးဒါနဲ့ငါ့အတွက်ကဘယ်မှာလဲ"

Namjoonလည်းဘာမမပြောတော့ဘဲ အဘွားကြီးကို
blank check လေးတစ်ခုထုတ်ပေးလိုက်တော့သည်

"သမီးရေ Hoseokကိုသွားခေါ်ပေးလိုက်ပါအုံး"

ခဏကြာတော့Hobiထွက်လာပြီးNamjoonတို့နဲ့အတူတူ ကားလေးပေါ်တတ်ပြီးလိုက်သွားခဲ့သည်

ကားလေးပေါ်Namjoonနဲ့Jinကတော့ စကားတေပြောပြီး အကုန်ပြန်ဆုံရမို့ပျော်နေပေမယ့်
တစ်ယောက်သောသူကတော့ အတွေးပေါင်းများစွာနဲ့တိတ်ဆိတ်နေခဲ့လေ၏

Hobi POV;
Tae ကငါ့ကိုတွေ့ရင်ဘယ်လိုနေမှာလဲ အရင်လိုပြန်ဆက်ဆံမှာလား ငါကဒီလောက်နာကျင်အောင် လုပ်ထားတာ မုန်းနေလောက်မှာပဲ သူကငါ့ကိုအဲ့ပွဲကနှင်ထုတ်ရင်ဘယ်လိုလုပ်ရလဲ
နှင်ထုတ်တော့လည်း ဘာဖြစ်လဲ အနည်းဆုံးတော့
သူ့မျက်နှာလေးမြင်ခွင့်ရမှာပဲလေ

"Hobi ဆင်းတော့လေ ရောက်ပြီ မင်းကလည်းဘာတေအတွေးလွန်နေတာလဲ တလမ်းလုံးတိတ်နေတာပဲကွာ"

"အာ မဟုတ်ပါဘူးငါကားနည်းနည်းမူးနေလို့"

Namjoonလည်းHobiကိုခေါ်ပြီး တိုက်ခန်းပေါ်သို့တတ်သွားလေသည်

"Hobi ဒါငါနေတဲ့တိုက်ခန်းလေ အိမ်မှာဆိုတော့အလုပ်လုပ်ရတာအဆင်မပြေလို့
Jin Hyungနဲ့နှစ်ယောက်ပေါင်းပြီးဝယ်လိုက်တာ"

"ဟင် အိပ်ခန်းကတစ်ခန်းထဲငါကဘယ်မှာအိပ်ရမှာလဲ"

"ငါတို့သုံးယောက်တူတူအိပ်မယ်လေ အခန်းကအကျယ်ကြီးပါကွာ"

"အေးပါ မင်းတို့အဆင်ပြေရင်ပြီးတာပါပဲ
အခုငါခဏနားချင်လို့ ပြီးမရေချိုးတော့မယ်"

"အေးအေး ကောင်းကောင်းနား "

Namjoonလည်းတံခါးလေးပိတ်ပြီးအပြင်ထွက်လာခဲ့သည်

"Jin Hyung ကျွန်တော်လေHobi နဲ့Taehyungတွေ့ရင်ဘယ်လိုဖြစ်သွားမယ်ဆိုတာအရမ်းသိချင်တာပဲ"

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now