Part -29

1.3K 190 300
                                    

ဒီနေ့ရုံးမှာဖြစ်တဲ့ပြသာနာကတော့ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတဲ့အတိုင်း အတော်လေးကြီးသွားသည်
ကျွန်တော်လေအဘိုးကိုအားနာလိုက်တာဆိုတာ မျက်နှာတောင်မပြဝံဘူး ကျွန်တော်ဆိုတဲ့ကောင်ကလေ
သူ့ကိုပေးဆပ်ဖို့များ မွေးဖွားလာသလားပင်.....

ကျွန်တော့်ရဲ့ ကိုယ်ဝန်အကြောင်းကိုအဘိုးကသိသွားပြီမို့ အခန်းထဲမှာ နှစ်ယောက်ထဲစကားပြောချင်တယ်လို့
ပြောပြီး အားလုံးကိုအခန်းထဲက ထွက်ခိုင်းထားသည်

" လူလေး hoseok စိတ်အေးအေးထားပြီးစဉ်းစားပါအုံးကွယ် "

" အဘိုးကိုတော့ အားနာပါတယ် ကျွန်တော်နဲ့ Taehyung လက်ထပ်ဖို့ဆိုတာ ဘယ်လိုမ မဖြစ်နိုင်ပါဘူး "

" ယောင်းငယ်လေးကို အဘိုးကလူလေးနဲ့ပဲစိတ်ချနိုင်လို့ပါ "

" ယောင်မင်းလေးနဲ့လိုက်ဖက်ပါတယ် အဘိုးရယ်
မချစ်တဲ့သူနဲ့အတူတူနေရတာထက် ချစ်တဲ့သူနဲ့ပဲ ဘဝကိုဖြတ်သန်းတာ အကောင်းဆုံးပဲလေ "

" ယောင်းငယ်လေးက လူလေးကိုချစ်ပါတယ်
သူ့အမေရဲ့မှိုင်းမိနေတာရော သူ့ရဲ့မာနကို
မလျော့နိုင်ရောအဲဒါတေကြောင့် အခုလိုမဖြစ်သင့်တာဖြစ်ကုန်တာပေါ့အတိတ်အရာတေအားလုံးအတွက်လဲ အဘိုးကပဲထပ်ပြီးတော့ တောင်းပန်ပရစေ
လူလေးရယ်"

" ခင်ဗျာ...အတိတ်...အဘိုး
ကျွန်တော်တို့အကြောင်းတေ အကုန်သိနေတာလား..."

" သိတာပေါ့ လူလေးရယ် အဘိုးဒီလောက် ညဏ်ပြေးပါတယ် လူလေးနဲ့ယောင်းငယ် ပထမဆုံး မိတ်ဆက်ပေးတဲ့နေ့ကတည်းက အဘိုးအကုန်သိနေခဲ့တာ...

ယောင်းငယ်က အဘိုး ကနေဒါမှာနေတုန်းက
ဖုန်းဆက်ပြီး သူ့ဘဝမှာ တန်ဖိုးအထားရဆုံး
လူသားလေးကို တွေ့နေပြီဆိုပြီးပြောပြဖူးတယ်

အဘိုးကတော့လူငယ်သဘာဝစိတ်ကစားတယ်လို့ပဲ
ထင်တာပေါ့ လူလေးရယ် နောက်မသိခဲ့တာ သူက အဲ့ကောင်လေးကိုသိပ်ချစ်ခဲ့တာပဲ ပြီးတော့ ယောင်းငယ်ဆီမှာ ကလေးဖိနပ်သေးသေးလေးတစ်စုံအဘိုးတွေ့ခဲ့တုန်းက ကလေးချစ်တတ်သူမို့ သူသဘောကျလို့ဝယ်ထားလို့ပဲထင်ခဲ့တာ တကယ်တော့ အဲ့ဖိနပ်လေးက သူ့ရဲ့ပထမဆုံးရင်သွေးလေးအတွက် လူလေးမသိအောင်ခိုးဝယ်ခဲ့တာတဲ့လေ....

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now