Part-6

1.2K 151 19
                                    

ဒီနေ့ကျောင်းလာရတာ အတော်ကြောက်နေပါသည်
  Tae နဲ့ချစ်သူတေဆိုတာ မနေ့က Suga Hyung သိသွားပြီ မို့ အသေပြောတော့မယ်ဆိုတာကြိုသိနေသော
ကြောင့်ဖြစ်သည်

"Yar Jung Hoseok ဘာလို့အတန်းပြင်ဘက်ကဘာချောင်းနေတာလဲ
အခုဝင်ခဲ့"

"ဟီး ဟီး Suga Hyung ဒီနေ့အတော် ကြည့်ကောင်းနေတယ်နော် ဘာစားမလဲ ကျွန်တော် လိုက်ကျွေးမယ်လေ"

"Hobi မင်းဖားတာလေးတေလျော့ ငါမနေ့ကကိစ္စကျေနပ်သေးတာ မဟုတ်ဘူး "

"Hyung ကလည်း ကျွန်တော်တို့ကချစ်သူဖြစ်တာသိပ်မကြာသေးလို့ပါ"

"ဘာပြောတယ် နှစ်လဆိုတာ မကြာဘူးပေါ့ဟုတ်လား
ပြီးတော့ အကုန်လုံးသိတယ် ငါတစ်ယောက်ပဲ မသိတာ မင်းဒါတော့လွန်တယ်မဟုတ်ဘူးလား"

"ဒါနဲ့ ကျွန်တော်တို့ ချစ်သူဖြစ်တာ နှစ်လရှိပြီလို့Hyungကို ဘယ်သူပြောတာလဲ"

"Namjoon လေ သူအကုန်လုံးပြောပြတာ ငါပြောတဲ့အတိုင်း အမွှေးနှုတ်ပြီး ပြုတ်သောက်ပစ်လို့ရပြီလား "

Hobi POV;
Kim Namjoon သစ္စာဖောက်ကောင် ဒင်းကြောင့်ကိုး အဲဒါကြောင့် ဒင်းပါးစပ်ကိုမယုံတာ
အခုတော့ ငါအမွှေးနှုတ်ခံရတော့မယ်

"အာ Hyung ကလည်း အဲလိုတော့ မလုပ်ပါနဲ့ဗျာ
ကျွန်တော် မုန့်လိုက်ကျွေးမယ်လေ နော်  နော်လို့"

"ဟား ဟား ဟား ငါကစတာပါကွာ ဒါပေမယ့် နောက်ဆို မင်းငါ့ကိုမကွယ်မဝှက်တန်းပြောပြရမယ်"

"ဟုတ်ကဲ့ပါ Hyung ရယ်နောက်ဆို ကျွန်တော်
မလျို့ဝှက်တော့ပါဘူးဗျာ"

အဲ့နေ့ကစာသင်ခန်းထဲက ကောင်လေးနှစ်ယောက်ရဲ့ရယ်သံနေနဲ့ပြည့်နှက်နေခဲ့၏

"Jimin ဒီနေ့ Tae ကျောင်းမလာဘူးလား"

  "ဟုတ်တယ် Hobi Hyung နေမကောင်းလို့များလားမသိဘူး အပြန်မသူ့အိမ်ကိုသွားမေးမလို့ "

"  ဟာ ဒီကောင်လေးကတော့ လူကိုစိတ်ပူအောင်လုပ်ပြန်ပြီကွာ ဒါနဲ့ jimin သူ့အိမ်ကိုသွားရင် Hyung လာမေးတယ်ဆိုတဲ့အကြောင်းလေးပြောပေးပါကွာ
နေမကောင်းရင် ဆေးသောက်ဖို့ရော နွေးနွေးထွေးထွေးနေဖို့ရော ပြောလိုက်အုံးနော်"

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now