Part-26

1.2K 178 161
                                    





အချစ်ဆိုတဲ့အရာက အရမ်းဘက်လိုက်တာပဲနော်
ဘာလို့လဲ ကျွန်တော်ကရော အချစ်ခံဖို့ မထိုက်တန်လို့လားတစ်ခါတစ်လေကျရင်လေ ယောင်မင်းကို အရမ်းအားကျတယ် Tae က တအားချစ်ပေးတာလေ မျက်နှာ တစ်ချက်အညိုးမခံဘူး ပြီးတော့ အဘိုး
ကလည်း မြေးလေးဆိုပြီး ပါးစပ်ဖျားကမချဘူး မိသားစုကျပြန်တော့လည်း အရမ်းကိုပြည့်စုံလွန်းတယ်
သူ့ဘဝလေးကိုအရမ်းအားကျတာပဲ...

Tae ကကောင်းကင်ပေါ်က လမင်းကြီးဆို ယောင်မင်း လမင်းကြီးရဲ့အနားက ကြယ်လေး..ကျွန်တော်က
အဲ့လမင်းကြီးကို မပိုင်နိုင်မှန်းသိရက်လျှက်နဲ့ ဝေးဝေးကနေငေးနေရသူပေါ့ ........

" Hoseok နေမကောင်းဘူးဆို ရုံးကသွားအုံးမလို့လား Taehyung ကို hyung
ခွင့်တိုင်ပေးမယ်လေ"

" ရပါတယ် hyung ရယ် မနေ့က ခေါင်းလေး
နည်းနည်းမူးနေလို့ပါ အခုဆေးသောက်လိုက်လို့ အဆင်ပြေသွားပြီ "

" အေးပါ အဆင်ပြေရင်ပြီးတာပါပဲ "

" Hoba ဒီနေ့ ရုံးသွားရင် ငါတို့ ကားနဲ့တူတူသွားရအောင် "

" ရပါတယ်ကွာ ငါ taxi နဲ့သွားနေကျပဲဟာကို "

" မင်းနေမကောင်းဘူးလေကွာ...ငါတို့နဲ့ပဲလိုက်ခဲ့"

" ဟုတ်ပါတယ် hoseok ရယ် hyung တို့လည်း အပန်းကြီးတာမဟုတ်ဘူး ရုံးကိုလိုက်ပို့မယ် "

" တစ်လမ်းဆီဆိုတော့...ကျွန်တော် အားနာ..."

" hoseok ဒီတစ်ခါတော့ joon စိတ်မဆိုးခင် hyung အရင်စိတ်ဆိုးမှာနော် "

" ဟုတ်ကဲ့ပါ...ကျွန်တော် hyung နဲ့လိုက်ခဲ့ပမယ်"

jin hyung တို့ကလည်း လူကနေမကောင်းတာနည်းနည်းကို အရမ်းကိုအဖြစ်သည်းလွန်းတယ် 
ဟိုဟာဆိုလည်း မလုပ်ရဘူး ဒီနေရာဆိုလည်း သူတို့နှစ်ယောက်မပါရင် မသွားရဘူး မသိရင် သူတို့နှစ်ယောက်မွေးထားတဲ့ သား များမှတ်နေလားမသိဘူး...

" Hoseok နေမေကာင်းရင် hyung ကိုချက်ချင်း ဖုန်းဆက်နော် ရုံးကိုလာခေါ်မယ်.."

" အင်းပါ...hyung တို့လည်း ကားကိုဂရုစိုက်မောင်းသွားကြအုံး..နောက်ကျတော့မှာမို့ သွားတော့မယ်"

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now