Part-20

1.1K 169 114
                                    




Hoseok

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးနေမှာပေါ့
အဲ့နေ့က supermarket မှာ အဘိုးနဲ့မဆုံမိရင် ကောင်းမှာ အခုတော့ ကျွန်တော်ဘာဆက်လုပ်ရတော့မှာလဲမသိတော့ဘူး ဖြစ်လာမယ့် အကြောင်းအကောင်းလို့ပဲ မှတ်ယူရတာတော့မှာပေါ့

အကောင်းဘက်ကတွေးရင်တော့
ကျွန်တော် သိပ်ချစ်တဲ့ လူသားလေးမျက်နှာကို
နေ့တိုင်းမြင်ခွင့်ရမှာလေ သူဘယ်လောက်ပဲ
နာကျင်အောင် နှိပ်စက်ပါစေ Jung Hoseok
ဆိုတဲ့ ကျွန်တော်ကလည်းပြုံးပြီးတော့ သူ့အနားမှာနေဖို့ ဆုံးဖြတ်လိုက်ပြီ

" Hoseok ဒီနေ့အလုပ်ရခဲ့လား "

အလုပ်ကပြန်လာသည့် Hyung မေးသည်ကို အတွေးကမ္ဘာထဲရောက်နေတဲ့ Hoseok ကတော့ ကြားမည်မထင်

" ဟျောင့်...Hoba "

" အမလေး Tae လေးနဲ့ငါနဲ့... မဟုတ်ပါဘူး... အဲ... Namjoon မင်းတို့ ဘယ်တုန်းကပြန်ရောက်တာလဲ"

" အခုလေးတင် ရောက်တာ Jin hyung မင်းကို မေးနေတာ မကြားဘူးလားကွာ
ယောင်တာကိုက Tae လေးနဲ့ငါနဲ့ တဲ့ မင်းဒီနေ့ Taehyung များနဲ့တွေ့ခဲ့လို့လား "

" ဟီး..ငါနဲနဲအတွေးလွန်သွားလို့ hyung ဘာမေးလိုက်တာလဲဟင် "

" အော် ဒီနေ့အလုပ်အဆင်ပြေခဲ့လားလို့ "

" အင်း..ပြေတယ်လို့ပဲပြောရမလား...မပြေဘူးလို့ပဲဲပြောရမလား မသိတော့ပါဘူးဗျာ "

" Hoba မင်းဟာကလည်း ဘယ်လိုကြီးလဲကွာ ရှင်းရှင်းလင်းလင်း လေးပြောပြပါလား "

" အဆင်ပြေတယ်ဆိုတာက ငါ ဒီနေ့ အလုပ်ရခဲ့တယ် "

" ဟာ...ဒါဆို အဆင်ပြေတာပဲလေကွာ မင်းကဘာတေ အဆင်မပြေဖြစ်နေလို့လဲ "

" ဟုတ်သားပဲ hoseok ရယ် "

" အဆင်မပြေတာက လုပ်ရမယ့်အလုပ်က Taehyung နဲ့ သူ့အဘိုးရဲ့ P.A တဲ့ ငါဘယ်လိုလုပ်ရမလဲကွာ.."

" ဘာ....အဲဒါကြောင့် အခုလို ပုံစံဖြစ်နေတာပေါ့
ငါလည်း မင်းကို Taehyung နဲ့ဆို သိပ်စိတ်မချဘူး အဲ့အလုပ်ကိုငြင်းလိုက်
ငါတစ်ခြားအလုပ်ရှာပေးမယ် "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now