Part - 19

1.1K 158 35
                                    


နေ့လည့်စာ စားချိန်ကျော်နေပြီမို့ အဘိုးကို နေ့လည်စာစားရန် ခေါ်ဖို့ အဘိုးရှိရာ supermarket ကိုရောက်သွားသည် အဘိုးရဲ့ ကျန်းမားရေးကြောင့် အစား စားချိန် နောက်ကျရင် တစ်ခုခုဖြစ်မှာ စိတ်ပူမိတာမို့ စိတ်လောနေမိသည်

ရုံးထဲကိုရောက်တော့ အဘိုး အင်တာဗျူးမေးနေတာ မပြီးသေးဘူးဟု မန်နေဂျာMin ပြောသောကြောင့် ရုံးခန်းထဲကိုဝင်သွားလိုက်တော့ မြင်လိုက်ရသည့် အဘိုးရဲ့ ရှေ့ကရပ်နေတဲ့ သူကြောင့် အတော်လည်း မှင်သတ်သွားသည် သူကလည်း ကျွန်တော့်ကိုအံ့သြသည့်ပုံစံ
ဖြင့်ကြည့်နေလေရဲ့..

" အော်...ယောင်းငယ်..အဘိုးလည်း အခုပဲနေ့လည်စာ စားဖို့ လှမ်းခေါ်မလို့... ဒါနဲ့ ယောင်းငယ်လေးနဲ့ ဒီက လူလေးနဲ့ကအသိတေလား...  "

" မဟုတ်ပါဘူး ...
ဟုတ်ပါတယ်..."

နှစ်ယောက်လုံးစီက မတူညီတဲ့အဖြေကြောင့် ယောင်း အတော်လေး စိတ်အိုက်သွားသည်

" မင်းတို့ဟာဘာတေလဲကွာ တစ်ယောက်က
ဟုတ်တယ် နောက်တစ်ယောက်က မဟုတ်ဘူးတဲ့ ငါက ဘယ်ဟာ ယုံရမာလဲ "

" ဒီလိုအဘိုးရယ် ကျွန်တော် နဲ့ jung hoseok shi နဲ့က အသိတေဆိုတာ တစ်ကျောင်းထဲအတူတူတတ်ခဲ့ရလို့ မြင်ဖူးယုံပါ သူပြောသလို သူငယ်ချင်းတေတော့မဟုတ်ဘူး "

" ဟုတ်ပါတယ် တစ်ကျောင်းတည်းဆိုတော့ မျက်မှန်းတန်းမိနေယုံလောက်ပါပဲ "

ဟူးး..တော်ပါသေးရဲ့ ..အဘိုးက jung hoseok  ကိုတကယ်မသိတာလား ကျွန်တော်တို့
မဂ်လာဆောင် တဲ့အကြောင်းကို omma က အဘိုးကပြောခဲ့တယ်ဆိုတာ ကျွန်တော့်ကို
ညာခဲ့တာလား..ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့
jung hoseok အကြောင်းကို အဘိုးမသိတာအကောင်းဆုံးပဲ

ကျွန်တော်သူ့အပေါ်မှာထားတဲ့ နာကြည်းချက်နဲ့ အမုန်းတရားက လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာမ
မဟုတ်ဘဲ...

" ဒါနဲ့..အဘိုး နေ့လည်စာ စားချိန်နောက်ကျနေပြီ ကျွန်တော်တို့ သွားစားရအောင် "

" အော်အေးအေး..အတော်ပဲ ဒီကလူလေးလည်း အဘိုးတို့နဲ့နေ့လည်စာ အတူတူလိုက်စားပါလား..  "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now