Part-24🚨

1.8K 182 143
                                    


Hoseok

ကျွန်တော် ဆေးရုံကဆင်းပြီး အိမ်မှာပဲ နေဖို့
အဘိုးက တစ်ပတ် ခွင့်ပေးသည် ဒီနေ့ဆို ရုံးမသွားရတာ နှစ်ရက်တောင်ရှိပြီ Namjoon တို့ကလည်း အလုပ်သွားကြတာမို့ အိမ်မှာ တစ်ယောက်ထဲဆိုတော့ ပျင်းတာနဲ့ TV ကြည့်နေမိသည်

" တီတောင်...တီတောင်.. တီတောင်...တီတောင်"

" ဘယ်သူလဲ...ဘာလို့ Bellကို အဆက်မပြတ် တီးနေတာလဲ "

တံခါးဖွင့်ပေးဖို့ လုပ်နေတုန်း ဟိုညကဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ အကြောင်းကို တွေးမိပြီး လူက တုန်လှုပ်သွားသည်

ဒါပေမယ့် မဖွင့်ပေးလို့လည်း မဖြစ်တာမို့
အနောက်မီးဖို ခန်းထဲ အမြန်သွားပြီး jin hyung အမြဲတမ်း ကြက်ဥကြော်နေကျ ဒယ်ပြား ကို ယူလာခဲ့လိုက်သည် ကိုယ့်ကိုရန်ပြုမယ့်သူဆိုရင် တစ်ခါတည်း ဆော်လွှတ်လိုက်ဖို့ လက်အသင့်အနေထားမှာရွယ်ထားပြီး တံခါးကိုဖွင့်လိုက်သည်

" ဝုန်း...အမလေး.. Tae....hyung "

"ကျွန်တော် bellတီးနေတာကြာလှပြီ နားလေးနေလား ဘာတေလုပ်နေတာလဲ လက်ထဲမှာလဲ
ဒယ်ပြားကြီးနဲ့ ..."

သူပြောမ လက်ထဲက ဒယ်ပြားကို ယောင်ပြီး လွှတ်ချလိုက်သည်

" ခလွမ်း..."

" jung hoseok shi ဒီအတိုင်းပဲ မတ်တပ်ရပ်နေမှာလား ရပ်နေချင်တယ်ဆိုလည်း သဘောပဲ ကျွန်တော်ကတော့ အထဲဝင်မလို့ လမ်းဖယ်ပေး..."

" ဟမ်...အင်း.."

Tae ကကျွန်တော်ကို တွန်းဖယ်ပြီး အထဲကို ဝင်သွားသည် ကျွန်တော်ကို တံခါးပေါက်ကြီးကိုင်ပြီး ကြောင်ကြည့်နေမိသည် သတိပြန်ဝင်လာတော့ အောက်ကျနေတဲ့ ဒယ်ပြားလေးကို ကောက်ပြီးကြည့်လိုက်တော့ တစ်ခြမ်းပိန်သွားသည်

" သွားပါပြီ jin hyung လာရင်တော့ ငါတော့
သတ်ခံရတော့မယ်...စိတ်ညစ်ပါတယ် Namjoon ပစ္စည်းတေဖျတ်စီးလွန်းလို့ china ထုတ်ပဲ ဝယ်သုံးတာ အခုတော့ ပိန်ပြီ ငါကိုက ပြသာနာကို မီးထွန်းရှာတာပါ အယ်...အခုမသတိရတယ်
အခန်းထဲဝင်သွားတဲ့.... "

ကျွန်တော် သူ့ကိုသတိရပြီး အခန်းထဲဝင်လာတော့ ကိုယ်တော်ချောက ဆိုဖာပေါ်မှာ အခန့်သား ထိုင်နေလေရဲ့

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now