Part 13

992 135 18
                                    

  ညကအလုပ်လုပ်တာ နည်းနည်းညည့်နက် သွားတာမို့ အိပ်ယာထနောက်ကျ နေတော့သည် ဘေးကိုကြည့်လိုက်တော့လည်း Hyung က ဘယ်အချိန်ကတည်းထသွားလည်း မသိ ဘေးမှာရှိမနေဘူး အဲဒါကြောင့် ရေမိုးချိုး အဝတ်အစားလဲပြီး အောက်ကိုဆင်းလာခဲ့သည်

"Tae နိုးပြီလား မဟုတ်ရင်အခု Hyung လာနိုးတော့မလို့"

"Hyung က ဘာလို့အစောကြီးထတာလဲ "

ဒေါသံနဲ့မဟုတ်ပေမယ့် ကျွန်တော်ကို မနှိုးဘဲထသွားတာကြောင့် စိတ်ဆိုးမိတာတော့ အမှန်ပင်

" Hyung လည်း အစောကြီးနှိုးနေလို့ပါ Tae ရာ ပြီးတော့ အဒေါ်ကြီးက တစ်ယောက်အလုပ်လုပ်နေတာမို့ ကူပြီးအလုပ်လုပ်ပေးချင်လို့ပါ "

"Hyung ကိုဘယ်သူကအဲ့အလုပ်တေခိုင်းလို့လဲ omma လား "

"Tae မဟုတ်တာတေမပြောနဲ့ omma က ဘာမမခိုင်းဘူး အရင်တုန်းက Hyung တို့ကို omma သဘောမတူဘူးဆိုတာ မှန်တယ် ဒါပေမယ့် အခု မင်းကိုချစ်လို့ Hyung ကိုပါလက်ခံပေးထားတာလေ အဲဒါကို Tae က ဘာလို့ omma ကိုပဲ အပြစ်တင်နေတာလဲ "

" တော်ပြီး Hyung ရာ မနက်စောစောစီးစီး ရန်မဖြစ်ချင်ဘူး အခု မနက်စာကအကုန်ပြင်ပြီးပြီလား"

"ပြင်ပြီးပြီ appa က အစည်အဝေးရှိလို့ Company ကိုသွားနှင့်ပြီ  မနက်စာစားပြီးမ လိုက်လာခဲ့တော့တဲ့ "

"ညနေကျရင် ဆေးခန်းသွားရမယ်မို့လား စောစောပြန်ခဲ့မယ် "

"မပြန်ချင်လည်းရတယ် ကိုယ့်ဘာသာကိုယ်သွားမယ်"

"Hyung ကျွန်တော့်ကို ရွဲ့နေတာလား ဒီက ကလေးနဲ့မို့ စိတ်လျော့ထားတာနော် "

" ဘယ်မှာရွဲ့လို့လဲ Tae ပဲ စကားကို ခပ်မာမာ ပြောနေတာမဟုတ်ဘူးလား အိပ်ရာလေးမနှိုးမိတာကိုအပြစ်ကြီးတစ်ခုလိုပြောနေတာလေ  "

" မဟုတ်ဘူးလား Hyung အခုတစ်လော အချိုးတေပြောင်းနေတာလေ ညအိပ်တော့လည်း ကျွန်တော့်အရင်အိပ်ပျော်သွားတယ် မနက်ကျတော့လည်း ဘယ်အချိန်ကတည်းထသွားမှန်းမသိဘူး အဲဒါဘာသဘောလဲတေလဲ "

Taehyung တစ်ယောက် Hoseok ကိုဒေါသကြီးစွာအော်လိုက်မိသည်

"အဟင့်..Hyungကိုမအော်ပါနဲ့ ညတိုင်းTae ကိုစောင့်ရင်း အိပ်ငိုက်လွန်းလို့ အိပ်သွားတာ ပြီးတော့ Hyung က ဒီအိမ်ကလူလေ အိမ်အလုပ်တေကိုကူလုပ်ပေးရမှာပေါ့ အဲဒါအမှားလား ဟုတ်ပါတယ် Tae ထင်သလိုပဲ သူဌေးတစ်ယောက်ရဲ့ ယောကျာ်းတစ်ယောက်က ဘာမမလုပ်ဘဲ ဘုရင်လိုနေရမယ်ဆိုတာ Hyung အတွက်တော့ မဟုတ်ဘူး Tae အဲ့စည်းစိမ်တေဂုဏ်ဒြပ်တေထက် ချစ်ရတဲ့သူနားမှာ ထာဝရ နေပေးနိုင်ဖို့ပဲ "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now