Part-23

1.2K 166 64
                                    






မနေ့ညက ကျွန်တော့်ကို ဟိုလူက နံရံနဲ့ပစ်ဆောင့်လိုက်တော့ ကျွန်တော်လဲကျသွားတယ် ပြီးတော့ ခေါင်းကလည်းသွေးတေထွက်လာပြီး နဖူးပေါ်ကိုစီးကျနေသည် ကျွန်တော်လည်း အင်အားရှိသလောက်
ရုန်းနေတုန်း Tae တံခါးကို အတင်းတွန်းဖွင့်ဝင်လာပြီး ဟိုလူကို ထိုးနေသည်

နောက်တော့ ဟိုလူတော်တော် အထိနာပြီး အခန်းထဲကထွက်ပြေးသွားတော့ Tae က ကျွန်တော့်ခန္ဓာကိုယ်ဆွဲပွေ့ပြီး ကျွန်တော့်နာမည်ကိုအကြိမ်ကြိမ်ခေါ်ပြီး ငိုနေတာ သူ့မျက်ရည်တေကို သုတ်ပေးဖို့ ကြိုးစားပေမယ့် ကျွန်တော် မျက်လုံးတေ အရမ်းမှိတ်ချင်နေတာမို့ ခဏလောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားသည်

အခုမနက်ကျွန်တော်သတိရတော့ ကျွန်တော်ဘေးမှာ မန်နေဂျာ Min ရောက်နေသည် မနေ့ညက ကိစ္စကို
အဘိုးများသိသွားတာလား...

" Hoseok သတိရလာပြီလား "

" အင်း..အ့..ကျွတ်..ကျွတ် "

" Hoseok မင်း ခေါင်းကိုက်နေလို့လား ငါ ဆရာဝန် သွားခေါ်လိုက်အုံးမယ်နော် "

မန်နေဂျာ Min ကဆရာဝန်သွားခေါ်မယ်ဆိုပြီး အခန်းထဲကနေ ထွက်သွားသည်
ဟူး...မနေ့ကတကယ်ဘဲ Tae ကျွန်တော့်ကို
အလဲလှယ်လုပ်ခဲ့တာလား ဘာပဲဖြစ်ဖြစ် သူကျွန်တော့်ကို ပြန်လာခေါ်ပေးတာကိုပဲ ကျေးဇူးတင်ရမယ်
မဟုတ်လား...

" ဘယ်လိုနေသေးလဲ jung hoseok shi "

" ကျွန်တော် ခေါင်းတော့ နည်းနည်းကိုက်နေသေးတယ် ဒေါက်တာ "

" ကျန်တာရော ဘာဖြစ်သေးလဲ အရိုးတေဘာတေရာ နာသေးလား "

" ကျန်တာတော့ ဘာမမဖြစ်ပါဘူး ခေါင်းကိုက်နေတာလေး တစ်ခုပါပဲ"

" ခေါင်းက ၇ ချက်ချုပ်ထားရတာမို့ hoseok shi ခေါင်းကိုက်နေတာပါ ဘာမစိုးရိမ်စရာတော့ မရှိတော့ပါဘူး..."

" ဟုတ်ကဲ့ပါ ဒေါက်တာ "

ဒေါက်တာ အခန်းထဲကထွက်သွားတော့ ကျွန်တော် ဆေးရုံကို ဘယ်လိုရောက်လာတဲ့အကြောင်း
မန်နေဂျာ Min မေးရမည်

" မန်နေဂျာ Min ကျွန်တော်ဆေးရုံရောက်နေတာ
အဘိုးသိလား "

" သိတယ်လေ အဲဒါကြောင့် ငါ့ကိုဆေးရုံစောင့်ဖို့ လွှတ်လိုက်တာပေါ့ "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now