Part-18

1K 152 17
                                    






Kim အိမ်တော်ထဲကို ကားလေးတစ်စီး ဝင်လာပြီး
ကားပေါ်မှ အသက် ၆၀ နီးပါးလောက်ရှိတဲ့ အဘိုးကြီးတစ်ယောက် ဆင်းလာခဲ့သည်

" ဟယ် ဖေဖေ ပြန်လာတာလား ယောကျာ်းရေ ဒီမှာ ဖေဖေ ပြန်လာပြီ "

Kim အိမ်တော်ရဲ့ သခင်ကြီး Kim Hanmin က  ကနေဒါကနေ ဆိုးလ် ကိုရုတ်တရက်ပြန်လာသည်မို့
Kim အိမ်တစ်ခုလည်း ယောက်ယှက်ခတ်နေပေမယ့် အဘိုးချစ်မြေးအဆိုးလေးကတော့ အခုထိကို bar ကနေကို ပြန်မရောက်သေးပါ 

" ဖေဖေ ကလည်း ပြန်လာမည်ဆို သားကိုပြောတာမဟုတ်ဘူး သားကိုယ်တိုင်လာကြိုမှာပေါ့ "

" ဟုတ်သားပဲ  ဖေဖေ ကနှလုံးရောဂါအခံရှိတာကို လမ်းမှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ "

" တော်ပါ အခုလာပြီး စိတ်ပူမနေကြနဲ့ ငါ ကနေဒါနေတုန်းက ဖေဖေ နေကောင်းလားလို့ ဖုန်းလေးတစ်ဆက်တောင်မဆက်တဲ့သူတေကများ ဒါနဲ့ ငါ့မြေး
ယောင်းငယ်ရော "

" ဟို..ဟိုလေ..ဖေဖေ သားလေးက အလုပ်တေများနေတာ အခုလည်း company မှာပဲလေ အခုသားက လေသူ့ appa တောင် မျက်နှာလွဲလို့တောင်ရနေပြီ ဖေဖေရဲ့ "

" တော်စမ်း ငါ့ကို ဘာမမသိဘူးဆိုပြီး လာလိမ်မနေနဲ့
အခု ငါရောက်ချင်းချင်း company ကိုသွားပြီးပြီ နင့်သား company ကိုမလာတာ ၁ ပတ်လောက်ရှိပြီ

အဲ့လောက်တောင် အုပ်ချုပ်မှုညံ့ဖျင်းကြတာလား
သားလေးတစ်ယောက်တောင်နင်တို့မနိုင်ကြဘူးလား
အဲဒါကြောင့် အဲ့ကလေးကို ဆုံးမဖို့ ငါပြန်လာတာ နင်တို့လက်ထဲထားရင် ငါ့မြေးက လူဆိုးဖြစ်တော့မှာ "


" ဟုတ်ပါတယ်  ဖေဖေ့ရဲ့မြေးကို ဖေဖေပဲနိုင်တာပါ
သားတို့လည်း ဆုံးမပါတယ် ဒါပေမယ့် သူက သူ့
အဘိုးဖြစ်တဲ့ ဖေဖေ စကားပဲနားထောင်တာလေ "

" အဲဒါမင်းတို့အလိုလိုက်လို့ဖြစ်နေတာ အမေဖြစ်သူကလည်း ပိုက်ဆံ... ပိုက်ဆံ ...ပိုက်ဆံ..တစ်ချိန်လုံး ပိုက်ဆံပဲတွေးနေတာ အဖေဖြစ်သူကျတော့ အလုပ်ပဲ နင်းကန်လုပ် ဒီတော့ ဘယ်သူမမဆုံးမတော့ ဒီကလေး ဆိုးပြီပေါ့ "

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now