Part-30

1.3K 187 315
                                    





ညကဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး သူ့ဘက်တိုးရင် စိတ်ဆိုးနေမှာစိုးလို့ ကုတင်စွန်းလေးမှာ
ကျောပေးပြီးအိပ်ပျော်သွားသည်

မနက်ရောက်တော့ ကျွန်တော်ဘယ်လိုလုပ်ပြီးသူ့ရင်ခွင်ထဲရောက်သွားမှန်းမသိ သူကတင်းနေအောင်ဖတ်ထားသည်မို့ ရုန်းလိုက်ရင်လည်း နှိုးသွားလို့ပြသာနာရှာနေမှာစိုးလို့ ဒီအတိုင်းလေးပဲငြိမ်နေလိုက်သည်

" ဒီအငွေ့အသက်လေးကို အရမ်းလွမ်းနေခဲ့တာ ဘယ်တော့မပြန်မရနိုင်တော့ဘူးလို့ထင်ခဲ့ပေမယ်
ကံကြမ္မာကမျက်နှာသာပေးလို့ သူ့ရင်ခွင်မှာထပ်ပြီး
ခိုလှုံခွင့်ရခဲ့တာ "

Taehyung တစ်ယောက်နှိုးလာတော့
ညတုန်းက ဟိုလူကုတင်ပေါ်ကပြုတ်မှာစိုးလို့ ဘေးနားကိုပွေ့ပြီးရွေ့ပေးထားတာ အခုမနက်ရောက်တော့ သူ့ရင်ခွင်ကိုဘယ်လိုရောက်လာတာလဲ ငါကဘာလို့သူ့ကိုဖတ်ထားရတာလဲ ရူးနေပြီလားကွာ....

" Taehyung နှိုးပြီဆိုရင် ငါ့ကိုလွှတ်ပေးပါအုံး
ငါရူးပေါက်ချင်နေပြီ..... "

" အဲဒါကို အစကတည်းပြောပါလား "

" မင်းကအိပ်နေတာကို တော်ကြာ ငါ့ကြောင့်နှိုးလာတယ်ဆိုပြီး အပြစ်ပြောခံမှာစိုးလို့..."

" ကျွန်တော့်ကိုနေရာတကာ သူများကိုအပြစ်ပြောဖို့ချောင်းနေတဲ့သူထင်နေလို့လား "

" တောင်းပန်တယ်ကွာ ငါတကယ်ရူးပေါက်ချင်နေလို့ပါ ပြီးမ မင်းပြောချင်သလိုပြောနော် မဟုတ်ရင် အိပ်ယာပေါ်မှာတင် ကိစ္စပြတ်သွားလိမ့်မယ် "

Hoseok တစ်ယောက်ကုတင်ပေါ်ကအပြေးအလွှားဆင်းပြီး အိမ်သာထဲကိုတန်းနေအောင်ဝင်သွားသည်

" jung hoseok shi..ခင်ဗျား ကိစ္စပြီးပြီလား
ပြီးရင် ထွက်ခဲ့တော့ ကျွန်တော်ဒီနေ့ရုံးသွားရမှာ ရေချိုးချင်နေပြီ ကြာလိုက်တာ "

" အင်းပြီးပြီ... ပြီးပြီ "

Taehyung တစ်ယောက်ရေချိုးပြီးထွက်လာတော့ hoseok အခန်းထဲမှာရှိမနေတော့ Taehyung ဝတ်ဖို့ဝတ်စုံတစ်စုံတော့ထုတ်ထားပေးခဲ့သည်

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now