ဆေးရုံရဲ့ သီးသန့်လူနာအခန်းလေးတစ်ခုမှာ Hoseok သတိမရသေးတာမို့ကောင်လေးတစ်ယောက်က စောင့်ပေးနေသည်
" အား...ကျွတ် ကျွတ် "
" Hoseok မင်းသတိရပြီလား "
" အင်း..ဂီဂျွန်း မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
" ငါ့ကို မင်းယောက်ခမကြီး ဖုန်းဆက်ခေါ်တာ "
" ဟမ် သူကဘယ်လိုလုပ်ပြီး မင်းဖုန်းနံပါတ် ကိုသိတာလဲ"
" Hoseok မင်း အဲ့အိမ်မှာနေတာကြာနေပြီ သူဘယ်လောက် ညဏ်များတတ်မှန်းမသိဘူးလား ခုလည်း မင်းသတိမရသေးတာကို အစောင့်တောင်ထားမပေးဘူး လာလည်းမတွေ့ဘူး ကြားထဲက ငါကမနေနိုင်လို့ စောင့်ပေးနေတာ ခဏ ငါဆရာဝန်သွားခေါ်ပေးမယ် "
" ဂီဂျွန်း..ကျေးဇူးတင်ပါတယ် "
Tae ဘာလို့ငါ့ဆီအခုထိ မလာသေးတာလဲ သူစိတ်ဆိုးနေလို့နေမှာပါ ဆေးရုံးဆင်းမသေချာရှင်းပြပြီး ပြန်တောင်းပန်မယ်
စိတ်ထဲမှာထင့်နေပေမယ့် အကောင်းဘက်ကဘဲ တွေးပြီးနေလိုက်တာ အကောင်းဆုံးပါပဲ" ဘာမမစိုးရိမ်စရာမရှိတော့ပါဘူး နှစ်ရက်လောက်နေရင် ဆေးရုံက ဆင်းလို့ရပါပြီ ခုတော့ အားရှိအောင်နားလိုက်ပါအုံး "
"ဒေါက်တာ ကျွန်တော့် ဗိုက်ထဲက ကလေးလေးလဲ ဘာမဖြစ်ပါဘူးနော် "
" sorry ပါ Jung hoseok shi ခင်ဗျားရဲ့ကလေး မရှိတော့ဘူး အဲ့အတွက် တကယ်စိတ်မကောင်းပါဘူး အမြင့်ကနေ ပြုတ်ကျတဲ့ အရှိန်ပြင်းတာမို့ ကလေးကို မကယ်လိုက်နိုင်ဘူး "
"ဗျာ "
ရက်စက်လိုက်တာ လောကကြီးရယ် ဘာလို့ အပြစ်မရှိတဲ့ ကလေးလေးကို အစောကြီးခေါ်သွားရတာလဲ ကျွန်တော် အများကြီးမျှော်လင့်ထားတာ ခုတော့ အားလုံး ပျက်စီးကုန်ပြီ
Tae ရော ဒီအကြောင်းကြားရင် ကျွန်တော့် ကို မုန်းသွားမှာလား ဘာလို့ ကျွန်တော့်ကိုဘဲ ကံတရားက မုန်းတီးနေရတာလဲ
ကလေးလေးရယ် လူ့လောကထဲကို မခေါ်လာနိုင်ခဲ့အတွက် တောင်းပန်ပါတယ် ဒါတွေက ဝဋ်ကြွေးဆိုရင်လည်း ကျေချင်လှပြီ