Extra-1

13.1K 547 22
                                    

Zawgyi

T/N- နည်းနည်းလေးပြောချင်ပါတယ်။ ဒီextraလေးက ဘာလို့ရေးဖြစ်သွားလဲဆိုရင် တချို့စာဖတ်သူလေးတွေက System fic မဟုတ်ပါကြောင်း ငြင်းထားသော်လည်း
Non Romantic Systemခေါင်းစဉ်ကိုကြည့်ပြီး မဖတ်ရသေးခင် System Reading Listထဲထည့်နေကြတာ တွေ့နေရသေးလို့ပါ။ အဲ့တာကြောင့် ဒီ extraလေးကို ဖန်တီးလိုက်ပါတယ်။ ဖတ်နေရင်း ယောတို့ရဲ့အဆက် ဟုတ်ပါ့မလားလို့ ​တွေးကြမှာဆိုးလို့ ကြိုတင်ပြီး သတင်းပါးတာပါ။
ဟဲဟဲ လေပေါတာများသွားပြီ သွေ့ပုချိသွေ့ပုချိ\•0•/

******

ပတ်ဝန်းကျင်ရဲ့ဆူညံသံတွေနဲ့အတူ ယော နိုးထလာသည်။
သို့ပေသည့် ထူးဆန်းတာကတော့ ဒီဘက်ခေတ်ကမ္ဘာမှာ မဟုတ်ပဲ ရှေးဟောင်း တရုတ်လမ်းမတစ်ခုပေါ်မှာဖြစ်သည်။ ကောင်းကင်ပေါ်မှာလည်း အမည်မသိတဲ့ အမဲရောင်သံပြားနှစ်ခုက ဝဲပျံနေသည်။
အင်း..သေချာကြည့်လိုက်တော့ ဓားသွားထက် ထက်တဲ့စင်္ကြာနှစ်ကွင်းပင်။

"ရှစ်မေ့ ရှစ်မေ့အဆင်ပြေရဲ့လား"

A/N-ရှစ်မေ့=ဂိုဏ်းတူညီမလေး

လမ်းမပေါ်မှာ လှဲကျနေတဲ့ယောကို လက်ကမ်းပေးတဲ့ အမျိုးသားတစ်ယောက်။တရုတ်ကျင့်ကြံရေးလောကသားတွေလို ဝတ်ဆင်ထားပြီး ရှည်လျားတဲ့ဆံနွယ်တွေကို မြင့်မြင့်မြှောက်စီးထားသည်။ အနီဝတ်ရုံနဲ့ ပနံသင့်လှတဲ့ ထိုလူက ဘယ်လိုကြည့်ကြည့် ရင်းနှီးတဲ့လူတစ်ယောက်နဲ့ ဆင်နေသည်။

ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်းဖြစ်ပြီး ထိုလူရဲ့လက်ကိုအားပြုပြီး ယော ကောက်ထလိုက်မိသည်။ အဲ့တော့မှ ကိုယ့်ဘာသာကိုယ် သတိထားမိသွားတာက သူလည်း အနှီယောင်္ကျားလိုပဲ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ဓားတစ်ချောင်း ကိုင်ထားသေး၏။

"ဟုန့်ကျွေ့ရဲ့စွမ်းအားကပိုပြီး အန္တရာယ်များလာတယ်။ ရှစ်ရှုန်းတို့အတူပူးပေါင်းဖို့လိုလာပြီ"

A/N-ရှစ်ရှုန်း=ဂိုဏ်းတူအကို

ထူးထူးဆန်းဆန်း စကားလုံးတွေကို ​ နားလည်နေတာကမှ ယော အတွက်ပိုပြီးကြီးမားတဲ့ ဒုက္ခဖြစ်နေသည်။ သေချာစဉ်းစားကြည့်တော့ အိပ်မက်ထဲမှာဆို အဲ့လိုမျိုးဖြစ်တတ်တယ် မဟုတ်လား။ တခြားသူက
ဘာဘာသာစကားနဲ့ပဲပြောပြော ကိုယ်က နားလည်နေတာမျိုးလေ။ ဆိုတော့ အခုက ယော အိပ်မက်မက်နေတာပေါ့။ တကယ်လို့များ အိပ်မက်မဟုတ်ပဲ ဖတ်ဖူးတဲ့ဝတ္ထုတွေထဲကလို အချိန်ခရီးသွားပြီး ဒီဘက်ကမ္ဘာထဲ ​ရောက်လာတာဆိုရင်ရော?။

Non Romantic System(Completed)Where stories live. Discover now