Part-22

14K 838 60
                                    

Zawgyi

ဒီနေ့မှ ထူးထူးဆန်းဆန်း meeting လုပ်တဲ့တစ်လျှောက်လုံး ဆတ်သာရဲ့အကြည့်တွေက ယောဆီကိုပဲ ခနခနရောက်နေတယ်။ သေချာတာတော့ ကြည်လင်ရွှင်ပျနေတာမျိုးမဟုတ်။
တစ်ခုခုကို အလိုမကျတာမျိုး ဖြစ်သည်။

"ကဲ... အဲ့တာဆို ဒီနေ့meetingကတော့ ဒီလောက်ပါပဲ"

သာမာန်ဆို တစ်နာရီနီးပါးကြာမဲ့meetingက အခုတော့ ဆယ့်ငါးမိနစ်လောက်နဲ့ပြီးသွားတာမို့ အကုန်လုံး စိတ်လက်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ထွက်သွားကြသည်။ယောလည်း ဆတ်သာ ဘာကိုကောက်လို့ ကောက်နေမှန်းမသိပေမဲ့ တစ်ချက်သာ ပြုံးပြလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်၏။

"ယော နေခဲ့ဦး"

အကြောင်းသိနေတဲ့ရှိန်းကတော့ ယောကို ပြုံးစိစိလုပ်ပြပြီး ထွက်သွားပြီ။ကျန်ခဲ့တဲ့ ယောခမျာ အကောက်တော်
ဘာ​တွေရစ်ဦးမလဲ စားခန်းဝင်ရတော့၏။
အကုန်လုံးမရှိတော့မှ ယောကို ထိုင်ခုံမှာပြန်ထိုင်ခိုင်းပြီး staplerတစ်ခုကို စမ်းသပ်နေတဲ့ ခွန်ဆတ်သာ။

ယော မေးလိုက်မိ၏။

"Head ဘာလုပ်ဖို့တုန်း"

ယောကို မျက်စိဆွေကြည့်ပြီး ဆတ်သာ ပြန်ဖြေလိုက်၏။

"ယော အင်္ကျီကိုလည်း ယော ပြန်ကြည့်ဦးလေ။ဒီတိုင်းနေရင် မသိသာပေမယ့် ထိုင်ပြီးတခုခုကိုရေးနေရင် ရင်ဘတ်က တအားဟိုက်နေတယ်။နောက်ဆို အခုလောက် ရင်ဘတ်ဟိုက်တာတွေ မဝတ်နဲ့နော်"

ဘာများလဲလို့ ခွန်ဆတ်သာရယ်။အမှန်တော့ ဒီနေ့ကံကောင်းစေတဲ့အရောင်က မီးခိုးရောင်ဆိုလို့ ရှိတဲ့အင်္ကျီကို ဝတ်လာရတာ။ဖြစ်ချင်တော့ အဲ့ဂါဝန်က ကော်လံဖက်ကြီးကြီးနဲ့ဖြစ်ပြီး ရင်ဘတ်နားထိကို ခွဲချထားတဲ့ပုံမျိုး။

အခုမှ ကိုယ့်ရင်ဘတ်ကိုငုံကြည့်ပြီး အူတူတူလုပ်နေတဲ့ယောကို ဆတ်သာ အသဲတယားနဲ့ခေါင်းလေး တစ်ချက်ခေါက်လိုက်ရင်း
ကွဲနေတဲ့ကော်လံဖက်နှစ်ခုကို staplerနဲ့ တွဲချုပ်ပေးလိုက်သည်။

"ရပြီ ။ စိတ်ချရအောင် သုံးချက်လောက်ချုပ်ပေးထားတယ်"

"ဟုတ် ကျေးဇူးပါ Head"

Non Romantic System(Completed)Where stories live. Discover now