Part-8

12K 928 21
                                    

Zawgyi

Mature Contents⚠ 16+

ရှိန်းတစ်ယောက် ဆိုဖာမှာထိုင်ရင်း laptopတစ်လုံး ရှေ့ချကာ နေသစ်ရဲ့ စာရင်းတွေကို ကူတွက်ပေးနေသည်။ရှိန်း နေသစ်ကို တစ်ချက်တစ်ချက် ကြည့်မိတိုင်း မျက်မှန်အဝိုင်းတစ်ခုတပ်ပြီး အလုပ်ကို အာရုံစိုက်နေတာကို တွေ့ရသည်။

နေသစ် အလုပ်လုပ်နေသော်လည်း မိမိကို ခနခန ကြည့်နေတဲ့ ရှိန်းကို သတိထားမိသည်။

"ဟို... ညီဘာလိုချင်လို့လဲ"

"ဗျာ"

"မဟုတ်ဘူးလေ ကိုယ့်ကို ခနခန ကြည့်နေတော့ ဘာများ အဆင်မပြေတာ ရှိလို့လဲသိချင်လို့"

ရှိန်းတစ်ယောက် သူခိုးလူမိ ဆိုသလို ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"အာ..မလိုချင်ပါဘူး Boss ။ အဆင်ပြေပါတယ်"

"အာ.... Ok Ok"

"ဟို..."

အလုပ်စားပွဲပေါ်မှာ ထိုင်နေတဲ့ နေသစ်ရဲ့ အင်္ကျီပခုံးပေါ်မှာ ပင့်ကူလေးတစ်ကောင် ကပ်နေတာကို ရှိန်းတွေ့သွားသည်။နေသစ်အင်္ကျီက အဖြူစွတ်စွတ်ဆိုတော့ အမဲရောင် ပင့်ကူလေးက ထင်းခနဲပေါ်နေသည်။

"Bossရဲ့ ပခုံးပေါ်မှာ ပင့်ကူလေးကပ်နေတယ် ။ဖယ်လိုက်ပါဦး"

"ဘာ..."

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အဲကွန်းခန်းထဲမှာ ချွေးတွေပျံလာသည့် နေသစ်ကို ကြည့်ရင်း ရှိန်း လန့်သွားသည်။

"ညီ ...ကိုယ့်ကို တစ်ခုကူညီပါ ။အဲ့ပင့်ကူကို လာဖယ်ပေးပါလား"

အံကြိတ်ပြီး စကားကို အတင်းပြောယူနေရတဲ့ ခွန်နေသစ်။
ရှိန်းလည်း ဆိုဖာကနေ မြန်မြန် ထသွားလိုက်သည်။

"ကျွန်တော် ဖယ်ပေးမယ် ။ ငြိမ်ငြိမ်လေးနေ"

နေသစ်မှာ ငြိမ်ငြိမ်လေးနေရုံမက ကျောက်ရုပ်ပင် ဖြစ်တော့မည် ။ အကျိုးမပေးသည့် ပင့်ကူက ရှိန်းလက်လေး ဟန်ပြင်တုန်းရှိသေး နေသစ်ရဲ့ ကော်လံထဲကို ဝင်သွားသည်။

(F**k အကျိုးမပေးတဲ့ ပင့်ကူ ။ငါ့ခွန်နေသစ် တစ်ခုခု ဖြစ်သွားလို့ကတော့ မင်းကို အမှုန့်ကြိတ်ပြီး အရည်ဖျော် သောက်ပစ်မယ်)

Non Romantic System(Completed)Where stories live. Discover now